သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကလာတဲ့ နည်းပညာကျောင်းသား ကန်ပြည်ဝင်ခွင့် တနှစ်သာပေးတော့မည်


အမေရိကန် အဆင့်မြင့်နည်းပညာတွေ သင်ယူမယ့် တရုတ်ကျောင်းသားတွေ အတွက် ဇွန်လ ၁၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ဗီဇာ သက်တမ်းကို တနှစ်ပဲ ပေးဖို့ အမေရိကန်က ကန့်သတ်တော့မှာ ဖြစ်ကြောင်း Trump အစိုးရအဖွဲ့ကပြောပါတယ်။

ပြည်ဝင်ခွင့်ဗီဇာကို အများဆုံး ၅ နှစ်သက်တမ်းထုတ်ပေးနေရာကနေ အခုထုတ်ပြန်တဲ့ မူဝါဒ အသစ်အရ အမေရိကန် ကောင်စစ်အရာရှိတွေက ဗီဇာသက်တမ်း ဘယ်လောက်ပဲ ပေးရမယ် ဆိုတာကို ကန့်သတ်တော့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ပညာရေးဆိုင်ရာ အမေရိကန် ကောင်စီရဲ့ အကြီးအကဲ Ted Mitchell ကတော့ အခုထုတ်ပြန်ခဲ့တဲ့ မူဝါဒ အသစ်ဟာ တက္ကသိုလ် ကောလိပ်တွေ အတွက်ရော နိုင်ငံအတွက်ပါ မကောင်းဘူးလို့ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေ သင်ယူမယ့် တရုတ် ကျောင်းသားတွေအတွက် ရည်ရွယ်ထုတ်ပြန်ပုံ ရပေမယ့် ဒါဟာ နိုင်ငံအားလုံးက နိုင်ငံတကာ ကျောင်းသား တွေ အမေရိကန်တက္ကသိုလ်တွေမှာ လာရောက် သင်ကြားဖို့ သူတို့ရဲ့ ကြိုးစားနေမှု ကို ထိခိုက်စေလိမ့်မယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုထဲမှာ နိုင်ငံတကာ ကျောင်းသား တသန်းကျော်ရှိပြီး ဒီအထဲမှာ တရုတ်ကျောင်းသားက ရာနှုန်း ၃၀ ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG