သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ရှိ တရုတ်လူမျိုးများ ကမ္ဘောဒီးယားထွက်ပြေး


တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စုရုံးနေစဉ်။
တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စုရုံးနေစဉ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တို့အကြား ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေတာရဲ့ နောက်ဆက်တွဲအဖြစ် ဗီယက်နမ်နိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ဗီယက်နမ်နိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ကမ္ဘောဒီးယားနိုင်ငံထဲ ထွက်ပြေးနေကြပါတယ်။

အခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသား အများအပြား ကမ္ဘောဒီးယားနိုင်ငံထဲကို ထွက်ပြေး ဝင်ရောက်လာကြတယ်လို့ ဖနွမ်းပင်မြို့မှာရှိတဲ့ ဗီယက်နမ်သံရုံး ပြောခွင့်ရ Trung Van Thong က ဗွီအိုအေ ခမာသတင်းဌာနကို ပြောပါတယ်။

တရုတ်နိုင်ငံသားတွေကို ဗီယက်နမ်နိုင်ငံထဲက မောင်းထုတ်တာမဟုတ်ဘဲ သူတို့သဘောနဲ့ သူတို့ ထွက်လာကြတာသာဖြစ်ကြောင်းနဲ့ တရုတ်လူမျိုးတွေ ဘာကြောင့် ဗီယက်နမ်နိုင်ငံထဲမှာ မနေချင်ကြတော့သလဲဆိုတာ သူမသိတဲ့အကြောင်း Trung Van Thong က ပြောတယ်လို့ ဆိုပါတယ်။

တရုတ်လူမျိုး ဘယ်နှစ်ယောက်လောက် ထွက်ပြေးသွားသလဲဆိုတဲ့ အရေအတွက် အတိအကျကို မသိနိုင်သေးသလို ကမ္ဘောဒီးယားနိုင်ငံကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဆိုဖို့ ငြင်းဆိုနေပါတယ်။ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း မှာရှိတဲ့ တရုတ်နဲ့ ထိုင်ဝမ် စက်ရုံတွေကို အုပ်စုဖွဲ့ ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း အခုလို တရုတ်လူမျိုးတွေ ထွက်ပြေးလာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ခမာ - ဗီယက်နမ် အသင်းဝင်တွေအနေနဲ့ ဖနွမ်းပင်မြို့မှာရှိတဲ့ တရုတ်သံရုံးအပြင်မှာ အခုသီတင်းပတ်အတွင်း ဆန္ဒပြသွားမယ်လို့ အဖွဲ့ခေါင်းဆောင် Sem Chi က ပြောပါတယ်။
XS
SM
MD
LG