သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ပျံသန်း


China - Taiwan
China - Taiwan

တရုတ်လေတပ်က စစ်လေယာဉ် ၁၀ စင်းဟာ ထိုင်ဝမ်ရေလက်ကြားမှာ ၂ နိုင်ငံကြား ပိုင်းခြားထားတဲ့မျဉ်းကို ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောလိုက်ပါတယ်။ ဒါ့အပြင် တရုတ်စစ်သင်္ဘော ၄ စင်း လည်း လက်နက်အင်အားအပြည့်အစုံတပ်ဆင်ပြီး စစ်ဆင်ရေးတရပ် ဆင်နွွှဲဖို့အသင့်ပြင်တဲ့ ပုံစံမျိုးနဲ့ ကင်းလှည့်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်ကျွန်းကို ထိုင်ဝမ်ရေလက်ကြားက ပိုင်းခြားထားတာ ဖြစ်ပါတယ်။

တရုတ်ဘက်က အခုလိုလုပ်တာကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ကလည်း သူတို့ရဲ့ စစ်လေယာဉ်တွေ နဲ့ စစ်သင်္ဘောတွေကို စေလွှတ်ပြီးတော့ တပ်ဖြန့်နေရာချထားလိုက်ပါတယ်။ ဒါဟာ အခုတပတ်အတွင်း တရုတ်နိုင်ငံဘက်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေကို ဒုတိယအကြိမ် အရှိန်အဟုန်မြှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်စစ်လေယာဉ် ၃၇ စင်းဟာ တရုတ်နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို ရောက်ရှိလာခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကိုတော့ တရုတ်နိုင်ငံက လက်အောက်ခံနယ်မြေအဖြစ် သဘောထားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG