သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကဒသေတငွ်း တရုတ်လက်နက်တွေ ကြီးစိုးလာ


China Congress Brawny Diplomacy
China Congress Brawny Diplomacy

=== [[ ZAWGYI ]] ===

အာဖရိကဒသေတငွ်း တရုတ်လက်နက်တွေ ကြီးစိုးလာ

ရုရှားဟာ အာဖရိက ဆာဟာရအောက်ပိုင်း နိုင်ငံတွေမှာ အဓိက လက်နက်တင်သွင်းနေသူဖြစ်ခဲ့ပေမယ့် အခုအခါ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုကြောင့် ရုရှားဟာ လက်နက်ရောင်းဖို့ ပိုခက်ခဲလာနေပြီး အဲဒီဒေသမှာ တရုတ်လုပ် လက်နက်တွေ ရောင်းအား ပိုမြင့်လာနေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲ မတိုင်ခင်ကလည်း တရုတ်နိုင်ငံဟာ ဆာဟာရ အာဖရိကဒေသကို လက်နက်တင်ပို့ ရောင်းချမှု တိုးမြင့်ခဲ့ပြီး ၂၀၁၇ က ၂၀၂၀ ကြားမှာ အဲဒီကို လက်နက် အရေအတွက် သုံးဆနီးပါး တိုးပြီးတင်ပို့ခဲ့တယ်လို့ အတ္တလန်တိတ် ကောင်စီရဲ့ အခုလ အစီရင်ခံစာက ဆိုပါတယ်။

အဲဒီထဲက အများစုက တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းတခု စီမံကိန်းကြီး ဆက်စပ် အကြီးစား ရင်းနှီးမြှပ်နှံမှုတွေ လုပ်ထားတဲ့ နိုင်ဂျီရီးယား၊ ကင်မရွန်း၊ ရဝမ်ဒါ၊ နမီးဘီးယား၊ တန်ဇီးနီးယား အစရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။

အစ္စလာမ္မစ် လက်နက်ကိုင်လှုပ်ရှားမှုကို နှိမ်နင်းနေရတဲ့ နိုင်ဂျီရီးယားမှာဆိုရင် အရင်နှစ်ပိုင်းတွေထဲက တရုတ်ရဲ့ လက်နက် တင်ပို့မှုက ရုရှားထက် ပိုများနေခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် တရုတ်က အများဆုံး လက်နက်တင်ပို့ခဲ့တာပါ။

ဆာဟာရ အာဖရိကဒေသမှာ ၂၀၁၀ ကနေ ၂၀၂၁ ကြား အဓိက လက်နက်တင်ပို့တဲ့နိုင်ငံတွေအဖြစ် ရုရှားက လက်နက်တင်ပို့မှု အားလုံးရဲ့ ၂၄ % ရှိပြီး၊ တရုတ်က ၂၂ % နဲ့ အမေရိကန်က ၅ % ရှိတယ်လို့ အတ္တလန်တိတ် ကောင်စီက ခန့်မှန်း တွက်ချက်ထားပါတယ်။

ရပ်ဝန်းတခု လမ်းတခု စီမံကိန်း စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ တရုတ်ရဲ့လက်နက်တင်ပို့မှုက အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်လက်နက်တွေမှာ အဓိကအနေနဲ့ တိုက်လေယာဉ်တွေ၊ မောင်းသူမဲ့ ဒရုန်းယာဉ်ငယ်တွေ၊ ဒုံးကျည်တွေ ပါဝင်တယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ တရုတ်ဟာ အာဖရိကနိုင်ငံတွေရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG