သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ ဘလော့ဂါ ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံရ


တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ ဘလော့ဂါ Wu Gan
တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ ဘလော့ဂါ Wu Gan

လူသိများ ထင်ရှားတဲ့ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးကို အဖျက်အမှောင့်လုပ်ရပ် စွဲချက်နဲ့ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ Super Vulgar Butcher ဆိုတဲ့ နာမည်အသုံးပြု လှုပ်ရှားတဲ့ ဘလော့ဂါ Wu Gan ကို ဒီကနေ့ အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်က Tianjin အမှတ် ၂ တရားရုံး ကနေ စီရင်ချက် ချလိုက်တာပါ။

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလ အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ Wu Gan က အာဏာအလွဲသုံးစားပြုမှုနဲ့ အဂတိ လိုက်စားမှုကို တိုက်ဖျက်ရေးကာလရှည် လှုပ်ရှား ဆောင်ရွက်နေတဲ့ တရုတ် နိုင်ငံရေး အရာရှိတွေကို သရော်မှုနဲ့ ထင်ပေါ်လာခဲ့တာပါ။

Wu Gan က အွန်လိုင်းပေါ်မှာ လူတွေကို စော်ကားမော်ကားလုပ်၊ သတင်းမှားတွေ ဖြန့်တာ အပါအဝင် တရားဥပဒေနဲ့ မညီတွေ လုပ်ရပ်တွေလုပ်ပြီး နိုင်ငံအာဏာနဲ့ ဆိုရှယ်လစ်စနစ်ကို ဖြုတ်ချရေး ကြိုးပမ်းခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်း စတင်ခဲ့တဲ့၇၀၉ ဖြိုခွင်းမှုလို့ သိကြတဲ့ သဘောထား ကွဲပြားသူတွေ အပေါ် အစိုးရက ဖြိုခွင်းခံရတဲ့ ရာနဲ့ချီတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ရှေ့နေတွေထဲမှာ Wu Gan လည်း တဦး အပါအဝင် ဖြစ်ပါတယ်။ Wu Gan အပေါ် တရားရုံးရဲ့ စီရင်ချက်ကို အယူခံဝင်မယ်လို့လည်း သူ့ ရှေ့နေက ပြောပါတယ်။

တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ ဘလော့ဂါ ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံရ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG