သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းေတာင္ပိုင္း၊ မတူပီၿမိဳ႕နယ္ဘက္ တိုက္ပြဲျဖစ္ဆဲ 


Hakha, Matupi and Paletwa townships of 9 Chin State.

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ မတူပီၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ခ်င္းကာကြယ္ေရးတပ္ေပါင္းစုေတြၾကားၾကာသပေတးေန႔ မနက္ပိုင္းကစလို႔ ဒီေန႔အထိတိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ ကီလႈန္းႏွင့္ လုံေလွာ႐ြာၾကား တိုက္ပြဲအတြင္း ႐ြာသား ၇ ေယာက္ ဖမ္းဆီးခံရပါတယ္။ ဖမ္းဆီခံရသူေတြ သတင္းအစအနမရေတာ့ဘဲ ေပ်ာက္သြားတာမ်ိဳးေတြလည္း ျဖစ္ေနတဲ့အတြက္ စိုးရိမ္တယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕က ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းေပးပို႔ထားပါတယ္။

မတူပီၿမိဳ႕နယ္ထဲမွာ ဇန္နဝါရီ ၆ ရက္ ၾကာသပေတးေန႔မနက္ပိုင္းကတည္းက စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းကာကြယ္ေရး ပူးေပါင္းအဖြဲ႔ေတြ ဒီေန႔ ဇန္နဝါရီလ ၇ ရက္အထိ တိုက္ပြဲျဖစ္ေနပါတယ္။ ကီလႈန္းႏွင့္ လုံေလွာ႐ြာၾကားမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြမွာ CDF-Matupi (မတူပီ)၊ CDF-Zotung (ဇိုတူ)၊ CDF-Lautu (ေလာင္ဝ္တူ) စတဲ့အဖြဲ႔ေတြ ပူးေပါင္းပါဝင္ တိုက္ခိုက္ေနတယ္လို႔ မတူပီ CDF ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ေလာေလာဆယ္ ႏွစ္ဘက္တင္းမာမႈရွိဆဲပဲ။ မေန႔က တေနကုန္ေပါ့။ အခုဒီေန႔လည္း ပစ္ေနတယ္ေပါ့ေနာ။ အခုလည္း ပစ္ေနတယ္ေနာ။ အခုက CDF-Zotung ပါတယ္။CDF-Lautu- ပူးေပါင္းအဖြဲ႔ေပါ့ေနာ။ ပူးေပါင္းအဖြဲ႔နဲ႔ စကစနဲ႔ျဖစ္ပြါးေနပါတယ္ခင္ဗ်။ ေနာက္ဆက္တြဲအေျခအေနေပါ့ေနာ။ ထိခိုက္ဒဏ္ရာရတာေတြ က်ေနာ္တို႔ သတင္းအတည္မျပဳႏိုင္ေသးပါဘူး ခင္ဗ်။”

ဒီေန႔က မတူပီ-ဟားခါးလမ္းမ ဝဲဘက္မွာရွိတဲ့ ကီလႈန္းႏွင့္ လုံေလွာ႐ြာၾကားကို စစ္ေကာင္ စီတပ္ဘက္က အင္အား ၁၅၀ ေက်ာ္နဲ႔စစ္ေၾကာင္းႏွစ္ေၾကာင္းနဲ႔ ထိုးစစ္ဆင္လာတဲ့အတြက္ အခုလို ခ်င္းကာကြယ္ေရးအဖြဲ႕ေတြ ပူးေပါင္းၿပီး ခုခံတိုက္ေနၾကတယ္လို႔ ေျပာပါတယ္။ တိုက္ပြဲျဖစ္ပြါးတဲ့ ကီးလႈန္နဲ႔လုံေလွာ ေက်း႐ြာဟာ မတူပီၿမိဳ႕နဲ႔ မိုင္ ၂၀ ေလာက္အကြာမွာ ရွိပါတယ္။

မတူပီၿမိဳ႕နယ္အတြင္း မေန႔ကတိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“မတူပီဘက္မွာေတာ့ ဒီေန႔ျဖစ္တာမသိပါဘူးဗ်။ မေန႔ကေတာ့ ထိေတြ႔မႈျဖစ္ပြါးခဲ့တာေတာ့ရွိတယ္။ သိပ္ျပင္းျပင္းထန္ထန္ေတာ့မဟုတ္ပါဘူး။”

မေန႔က တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္ကေန ကီလႈန္းကလုံေလွာ႐ြာကို ခရီးသြားေနတဲ့ ျပည္သူ (၇) ဦးကို စစ္တပ္က ဖမ္းသြားတယ္လို႔မတူပီ CDF ျပန္ၾကားေရးတာဝန္ရွိသူက ေျပာပါတယ္။

“မေန႔က ေန႔လယ္ေလာက္ေပါ့ေနာ္။ တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္အတြင္းမွာေပါ့။ ကီလႈန္း႐ြာနဲ႔ လုံေလွာ႐ြာသြားတဲ့ ေတာလမ္းအတိုင္းသြားတဲ့အခ်ိန္မွာ စကစတပ္က ဖမ္းသြားတယ္ေပါ့ေနာ။ စုစုေပါင္း(၇) ဦးလို႔ သတင္းရပါတယ္ခင္ဗ်။ သူတို႔က ေလာေလာဆယ္ တိုက္ပြဲအတြင္းမွာပဲ ရွိေနတယ္လို႔ေျပာတယ္။ လူသားဒိုင္းေပါ့ေနာ။ လူသားဒိုင္းအေနနဲ႔ ထားရွိတယ္လို႔ က်ေနာ္တို႔သတင္းရရွိထားတယ္။”

လူသားဒိုင္းအျဖစ္သုံးတယ္ဆိုတာ မဟုတ္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ခုလိုေျပာပါတယ္။

“သူတို႔ပဲ ေျပာင္းျပန္စြပ္စြဲေနတာေပါ့ဗ်ာ။ တပ္မေတာ္အေနနဲ႔ လုပ္စရာအေၾကာင္းမရွိဘူး။ PDF အေနနဲ႔သာ ျပည္သူလူထုကို အကာကြယ္ယူၿပီး အရပ္ဝတ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြကို ေခ်ာင္းေျမာင္းပစ္ခတ္တာတို႔။ လုံၿခဳံေရးတပ္ဖြဲ႔ေတြကို တိုက္ခိုက္တာတို႔။ မိုင္းဆြဲတိုက္တာတို႔။ အဲဒါေတြလုပ္ေနတာပဲ။”

လက္နက္ကိုင္အဖြဲ႔အခ်င္းခ်င္းတိုက္ပြဲအၾကား ေဒသခံ႐ြာသားေတြကို ဖမ္းဆီးထားမႈအေပၚမွာ ဆိုးဝါးတဲ့ လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈလို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ ဒုတိယအမႈေဆာင္ဒါ႐ိုက္တာ ဇာအုတ္ကလင္ (Za Uk ling)ကေျပာပါတယ္။ ဖမ္းဆီးခံရသူေတြ အသတ္ ခံရတာ၊ သတင္းအစအန မရတာမ်ိဳးေတြ ျဖစ္ေနတာေၾကာင့္လည္း စိုးရိမ္တယ္လို႔ ေျပာပါတယ္။

“သူတို႔အဲဒီလိုမ်ိဳး လူသားဒိုင္း အသုံးျပဳေလ့ရွိတာက က်ေနာ္တို႔မွာ အမ်ားႀကီးသက္ေသအေထာက္အထား ရွိခဲ့တယ္။ အရင္ကတည္း စစ္တပ္က စစ္ဆင္ေရးလုပ္ေနတဲ့အခ်ိန္မွာ အဲဒီလိုမ်ိဳးအျဖစ္အပ်က္ေတြက အၿမဲႀကဳံေတြ႕ ေနရေလ့ရွိတယ္။ ဒါမ်ိဳးက စစ္ဥပေဒကို ခ်ိဳးေဖာက္တာမ်ိဳးျဖစ္သြားတယ္။ ဒီလိုမ်ိဳး လူသားဒိုင္း အသုံးျပဳၿပီးေတာ့ ဖမ္းဆီးထားတဲ့သူေတြက သူတို႔အစအနမရွိဘဲနဲ႔ သူတို႔ေပ်ာက္ေလ့ရွိတယ္။ ျပန္လြတ္မလာေတာ့ဘဲနဲ႔ ဘယ္မွာ ရွာရမွန္းေတာင္ မသိႏိုင္တဲ့ အဲဒီလို မွတ္တမ္းတင္ထားတာဟာ မနည္းေတာ့ဘူး။ ဆိုေတာ့ ဒါမ်ိဳးဟာ အရမ္းစိုးရိမ္စရာေကာင္းတယ္။ ဒါေတြဟာဆိုလို႔ရွိရင္တကယ့္ ဆိုးဝါးတဲ့ ခ်ိဳးေဖာက္မႈတရပ္ပါပဲ။”

ဇန္နဝါရီလ (၄) ရက္ေန႔မွာလည္း မတူပီ-ပလက္ဝလမ္းေပၚရွိတဲ့ ေနရာ ၁ ခုနဲ႔ မတူပီ ဟားခါးလမ္းေပၚက ဖႏိုင္နဲ႔ငလိုင္႐ြာ ၂ ႐ြာၾကား တိုက္ပြဲေတြျဖစ္ပြါးခဲ့ပါတယ္။ မတူပီၿမိဳ႕ နယ္ထဲမွာျဖစ္ေနတဲ့တိုက္ပြဲေတြေၾကာင့္ ေဒသခံ(၄၀၀၀) ေလာက္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ချင်းတောင်ပိုင်း၊ မတူပီမြို့နယ်ဘက် တိုက်ပွဲဖြစ်ဆဲ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေကြားကြာသပတေးနေ့ မနက်ပိုင်းကစလို့ ဒီနေ့အထိတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ကီလှုန်းနှင့် လုံလှောရွာကြား တိုက်ပွဲအတွင်း ရွာသား ၇ ယောက် ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီခံရသူတွေ သတင်းအစအနမရတော့ဘဲ ပျောက်သွားတာမျိုးတွေလည်း ဖြစ်နေတဲ့အတွက် စိုးရိမ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ထားပါတယ်။

မတူပီမြို့နယ်ထဲမှာ ဇန်နဝါရီ ၆ ရက် ကြာသပတေးနေ့မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဒီနေ့ ဇန်နဝါရီလ ၇ ရက်အထိ တိုက်ပွဲဖြစ်နေပါတယ်။ ကီလှုန်းနှင့် လုံလှောရွာကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ CDF-Matupi (မတူပီ)၊ CDF-Zotung (ဇိုတူ)၊ CDF-Lautu (လောင်ဝ်တူ) စတဲ့အဖွဲ့တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ မတူပီ CDF ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ် နှစ်ဘက်တင်းမာမှုရှိဆဲပဲ။ မနေ့က တနေကုန်ပေါ့။ အခုဒီနေ့လည်း ပစ်နေတယ်ပေါ့နော။ အခုလည်း ပစ်နေတယ်နော။ အခုက CDF-Zotung ပါတယ်။CDF-Lautu- ပူးပေါင်းအဖွဲ့ပေါ့နော။ ပူးပေါင်းအဖွဲ့နဲ့ စကစနဲ့ဖြစ်ပွါးနေပါတယ်ခင်ဗျ။ နောက်ဆက်တွဲအခြေအနေပေါ့နော။ ထိခိုက်ဒဏ်ရာရတာတွေ ကျနော်တို့ သတင်းအတည်မပြုနိုင်သေးပါဘူး ခင်ဗျ။”

ဒီနေ့က မတူပီ-ဟားခါးလမ်းမ ဝဲဘက်မှာရှိတဲ့ ကီလှုန်းနှင့် လုံလှောရွာကြားကို စစ်ကောင် စီတပ်ဘက်က အင်အား ၁၅၀ ကျော်နဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် အခုလို ချင်းကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ခုခံတိုက်နေကြတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးတဲ့ ကီးလှုန်နဲ့လုံလှော ကျေးရွာဟာ မတူပီမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာ ရှိပါတယ်။

မတူပီမြို့နယ်အတွင်း မနေ့ကတိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မတူပီဘက်မှာတော့ ဒီနေ့ဖြစ်တာမသိပါဘူးဗျ။ မနေ့ကတော့ ထိတွေ့မှုဖြစ်ပွါးခဲ့တာတော့ရှိတယ်။ သိပ်ပြင်းပြင်းထန်ထန်တော့မဟုတ်ပါဘူး။”

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ကီလှုန်းကလုံလှောရွာကို ခရီးသွားနေတဲ့ ပြည်သူ (၇) ဦးကို စစ်တပ်က ဖမ်းသွားတယ်လို့မတူပီ CDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“မနေ့က နေ့လယ်လောက်ပေါ့နော်။ တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာပေါ့။ ကီလှုန်းရွာနဲ့ လုံလှောရွာသွားတဲ့ တောလမ်းအတိုင်းသွားတဲ့အချိန်မှာ စကစတပ်က ဖမ်းသွားတယ်ပေါ့နော။ စုစုပေါင်း(၇) ဦးလို့ သတင်းရပါတယ်ခင်ဗျ။ သူတို့က လောလောဆယ် တိုက်ပွဲအတွင်းမှာပဲ ရှိနေတယ်လို့ပြောတယ်။ လူသားဒိုင်းပေါ့နော။ လူသားဒိုင်းအနေနဲ့ ထားရှိတယ်လို့ ကျနော်တို့သတင်းရရှိထားတယ်။”

လူသားဒိုင်းအဖြစ်သုံးတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ခုလိုပြောပါတယ်။

“သူတို့ပဲ ပြောင်းပြန်စွပ်စွဲနေတာပေါ့ဗျာ။ တပ်မတော်အနေနဲ့ လုပ်စရာအကြောင်းမရှိဘူး။ PDF အနေနဲ့သာ ပြည်သူလူထုကို အကာကွယ်ယူပြီး အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်တာတို့။ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာတို့။ မိုင်းဆွဲတိုက်တာတို့။ အဲဒါတွေလုပ်နေတာပဲ။”

လက်နက်ကိုင်အဖွဲ့အချင်းချင်းတိုက်ပွဲအကြား ဒေသခံရွာသားတွေကို ဖမ်းဆီးထားမှုအပေါ်မှာ ဆိုးဝါးတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဇာအုတ်ကလင် (Za Uk ling)ကပြောပါတယ်။ ဖမ်းဆီးခံရသူတွေ အသတ် ခံရတာ၊ သတင်းအစအန မရတာမျိုးတွေ ဖြစ်နေတာကြောင့်လည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

“သူတို့အဲဒီလိုမျိုး လူသားဒိုင်း အသုံးပြုလေ့ရှိတာက ကျနော်တို့မှာ အများကြီးသက်သေအထောက်အထား ရှိခဲ့တယ်။ အရင်ကတည်း စစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့အချိန်မှာ အဲဒီလိုမျိုးအဖြစ်အပျက်တွေက အမြဲကြုံတွေ့ နေရလေ့ရှိတယ်။ ဒါမျိုးက စစ်ဥပဒေကို ချိုးဖောက်တာမျိုးဖြစ်သွားတယ်။ ဒီလိုမျိုး လူသားဒိုင်း အသုံးပြုပြီးတော့ ဖမ်းဆီးထားတဲ့သူတွေက သူတို့အစအနမရှိဘဲနဲ့ သူတို့ပျောက်လေ့ရှိတယ်။ ပြန်လွတ်မလာတော့ဘဲနဲ့ ဘယ်မှာ ရှာရမှန်းတောင် မသိနိုင်တဲ့ အဲဒီလို မှတ်တမ်းတင်ထားတာဟာ မနည်းတော့ဘူး။ ဆိုတော့ ဒါမျိုးဟာ အရမ်းစိုးရိမ်စရာကောင်းတယ်။ ဒါတွေဟာဆိုလို့ရှိရင်တကယ့် ဆိုးဝါးတဲ့ ချိုးဖောက်မှုတရပ်ပါပဲ။”

ဇန်နဝါရီလ (၄) ရက်နေ့မှာလည်း မတူပီ-ပလက်ဝလမ်းပေါ်ရှိတဲ့ နေရာ ၁ ခုနဲ့ မတူပီ ဟားခါးလမ်းပေါ်က ဖနိုင်နဲ့ငလိုင်ရွာ ၂ ရွာကြား တိုက်ပွဲတွေဖြစ်ပွါးခဲ့ပါတယ်။ မတူပီမြို့ နယ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံ(၄၀၀၀) လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #မတူပီ #ဗွီအိုအေမြန်မာပိုင်း

==================

XS
SM
MD
LG