သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္တြင္း ခရစၥမတ္ေန႔ ေပ်ာ္ရႊင္ပြဲေတြ က်င္းပဖို႔မရွိ


ေတာင္ေပၚေဒသခ်င္းျပည္နယ္ျမင္ကြင္း။

[[Zawgyi/Unicode]]

လက္နက္ကိုင္ပဋိပကၡျဖစ္ေနတဲ့ ခ်င္းျပည္နယ္ထဲမွာ ခရစၥမတ္ပြဲေတာ္ကို ဒီႏွစ္ စည္စည္ကားကား က်င္းပျဖစ္မွာမဟုတ္ဘူးလို႔ ခရစ္ယာန္အသင္းေတာ္ တာဝန္ရွိသူေတြက ေျပာၾကပါတယ္။ စစ္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္အမ်ားအျပား ဒုကၡေရာက္ေနခ်ိန္ အက်ဥ္း႐ံုး ဆုေတာင္းဝတ္ျပဳမႈေတြကိုပဲ လုပ္သြားမယ္လို႔ ေျပာပါတယ္။ ေပ်ာ္႐ႊင္ရမယ့္ပဲြေတာ္အစား ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းမယ့္ ခရစၥမတ္ပဲြေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ခရစ္ယာန္ဘာသာဝင္ေတြအတြက္ ဘာသာေရးအရ အထြဋ္အျမတ္ထားတဲ့ ခရစၥမတ္ပြဲေတာ္ခ်ိန္ဆိုရင္ မိသားစုေတြ ျပန္ဆံုၾက၊ စုေဝးစားေသာက္ၾက၊ ကေလးငယ္ေတြအတြက္ ေပ်ာ္ပြဲ႐ႊင္ပြဲလုပ္ လက္ေဆာင္ေတြ ေပးေလ့႐ွိပါတယ္။ အဲဒီလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းတဲ့ ခရစၥမတ္ပြဲေတာ္မ်ဳိး ဒီႏွစ္ေတာ့ လုပ္ျဖစ္မွာမဟုတ္ဘူးလို႔ ခရစ္ယာန္ဘာသာဝင္ အမ်ားစု႐ွိတဲ့ ခ်င္းျပည္နယ္က ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္ေတြက ေျပာပါတယ္။

အဲဒီအစား ဒုကၡေရာက္ေနသူေတြအတြက္ ဆုေတာင္းဝတ္ျပဳပြဲေတြကိုပဲ အက်ဥ္း႐ုန္းလုပ္သြားဖုိ႔ ျပင္ဆင္ထားၾကပါတယ္။ ၿမိဳ႕ခံအမ်ားအျပား စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေ႐ွာင္ေနရတဲ့ ခ်င္းျပည္နယ္၊ ကန္ပလက္ၿမိဳ႕နယ္တြင္း ေဘးလြတ္ရာ ခိုလႈံေနၾကရတဲ့ ေနရာေတြကေနပဲ ဆုေတာင္းပြဲလုပ္ဖို႔ စီစဥ္ထားတယ္လို႔ ခရစ္ယာန္အသင္းေတာ္ တာဝန္ရွိသူတဦးကေျပာပါတယ္။

“ကန္ပလက္မွာလည္း ဝတ္ျပဳတာေတြ မရွိေတာ့ဘူးေလ က်ေနာ့္အသင္းေတာ္က၊ ဒါေပမယ့္ က်ေနာ္တို႔က ေတာမွာပဲ ထြက္ေျပးေနရတယ္ဆိုေတာ့ ေျပးတဲ့ေနရာမွာ ဒီတိုင္းပဲ ဆုေတာင္းၾကမလားလို႔။ ဆုေတာင္းပြဲေလးေတြ က်ေနာ္တို႔ ခရစ္ယာန္မိသားစုပဲဆိုေတာ့ လုပ္ၾကရင္ေကာင္းမလားလို႔ အဲ့လိုပဲစီစဥ္တယ္။ ထြက္ေျပးေနရတယ္။ ဆိုပါေတာ့ စစ္ေရွာင္တယ္ေပါ့ေလ၊ စစ္ေရွာင္တယ္ဆိုေတာ့ ေနရာထိုင္ခင္းကအစ ၿပီးေတာ့ ေနေရး ထိုင္ေရး ျပဳလုပ္မယ့္ေနရာေတြေရာ ဝတ္ျပဳမယ့္ေနရာေတြေရာ အမ်ားစုကေတာ့ အဆင္မေျပတဲ့အတြက္ မလုပ္ႏိုင္တာျဖစ္မယ္။”

ျမန္မာ ႏွစ္ျခင္းခရစ္ယာန္မိတ္သဟာယကလည္း ခရစၥမတ္ပြဲေတာ္ေတြ က်င္းပမယ့္အစား အမွန္တရားအတြက္ နည္းမ်ိဳးစုံနဲ႔တိုက္ပြဲဝင္ေနၾကတဲ့သူေတြအတြက္ စားဝတ္ေနေရးဆိုင္ရာ အခက္အခဲေတြကို ကူညီေပးၾကဖို႔ အသင္းေတာ္ေတြနဲ႔ အသင္းေတာ္ဝင္ေတြကို ႏိုဝင္ဘာလ ၂၂ ရက္ေန႔က ေမတၱာရပ္ခံခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ေယ႐ႈခရစ္ေတာ္ဖြားျမင္တဲ့ေန႔ အထိမ္းအမွတ္အျဖစ္ ခရစ္ယာန္ဘာသာဝင္ေတြ အျမတ္တႏုိးထားတဲ့ ခရစၥမတ္ေန႔မွာ ေပ်ာ္႐ႊင္ေနရမယ့္အစား အိုးပစ္အိမ္ပစ္ၿပီး ေဘးလြတ္ရာကို ထြက္ေျပးေနၾကရလို႔ အမ်ားႀကီး စိတ္မေကာင္းျဖစ္ရတယ္လို႔ကန္ပလက္ စစ္ေဘးဒုကၡသည္တေယာက္က ေျပာပါတယ္။

“ေရာက္တဲ့ေနရာမွာ အက်ဥ္းခ်ဳံးေလး ဆုေတာင္းပြဲေလးေပါ့။ လုပ္ရဖို႔ အစီစဥ္ေတာ့ ရွိတယ္။ အဲ့အေပၚမွာေတာ့ အမ်ားႀကီး စိတ္မေကာင္းျဖစ္ရတယ္။ က်ေနာ္တို႔ ခရစ္ယာန္ေတြရဲ႕ ေန႔ထူးေန႔ျမတ္ေတြမွာ က်ေနာ္တို႔ ဘုရားေက်ာင္းေတြမွာ အသင္းသူအသင္းသားေတြ စံုစံုညီညီနဲ႔ ဘုရားရွိခိုး ဝတ္ျပဳ ေပ်ာ္ပြဲရႊင္ပြဲေတြနဲ႔ က်င္းပခဲ့တဲ့ေန႔ေတြ ႏွစ္စဥ္ႏွစ္တိုင္းေပါ့ က်င္းပဖို႔ ေန႔ထူးေန႔ျမတ္မွာ အိုးပစ္အိမ္ပစ္ေျပးေနရတဲ့အေပၚ အမ်ားႀကီးစိတ္မေကာင္းျဖစ္ရပါတယ္။”

အလားတူ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မွာလည္း ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန္႔ခြာၿပီး စစ္ေဘးဒုကၡေရာက္ေနၾကပါတယ္။ ယာယီစစ္ေဘးဒုကၡသည္စခန္းေတြမွာ ခရစ္ယာန္မိသားစုေတြနဲ႔ အက်ဥ္း႐ံုး ဆုေတာင္းပဲြေတြ လုပ္သြားမယ္လို႔ မင္းတပ္ၿမိဳ႕နယ္ ဘာသာေရးေခါင္းေဆာင္တဦးက ဗီြအိုေအကိုေျပာပါတယ္။

“ခရစၥမတ္အစီအစဥ္ကေတာ့ ေန႔ထူး အဲ့ဒီ ၂၅ ရက္ေန႔မွာေတာ့ ဆုေတာင္းဝတ္ျပဳမယ္။ ေနာက္ရွိတဲ့ဟာေလး camp မွာေသာ္လည္းေကာင္း၊ camp မွာရွိတဲ့သူ မိသားစုနဲ႔ မိတ္သဟာယဖြဲ႔ ဝတ္ျပဳဆုေတာင္း ေနာက္မိတ္ဆံုစား အဲ့လိုမ်ဳိးေတြ အစီအစဥ္ရွိတယ္။ လက္လွမ္းမီသေလာက္ေတာ့ ၂၅ ရက္ကေတာ့ လုပ္ၾကဖို႔ေတာ့ အစီစဥ္ေတာ့ ရွိၾကပါတယ္။”

ခရစၥမတ္ပြဲေတာ္ မက်င္းပႏိုင္ေပမယ့္ မိသားစုအလုိက္ အဆင္ေျပသလို ျဖတ္သန္းၾကမယ္လို႔ မတူပီၿမိဳ႕နယ္၊ ရမ္တိန္ေက်းရြာ ေဒသခံတဦးက ေျပာပါတယ္။

“ခရစၥမတ္ပြဲေတာ္နဲ႔ ပတ္သက္ၿပီးေတာ့ အားလံုးလိုလိုက မလုပ္တဲ့သူကမ်ားတယ္ေပါ့ေနာ္။ ဒီကာလမွာ ဒီလိုမ်ဳိးအေျခအေနျဖစ္တဲ့အတြက္ေၾကာင့္ေပ့ါေနာ္။ အားလံုးက ေၾကကြဲဝမ္းနည္းၿပီးေတာ့ ဒါမ်ဳိးမလုပ္တဲ့သူက မ်ားတယ္ေပါ့ေနာ္။ ျပည္နယ္အဆင့္ေရာ ၿမိဳ႕နယ္အဆင့္ေရာ မလုပ္တဲ့သူကမ်ားတယ္။ တေနရာနဲ႔ တေနရာေပါ့ေနာ္ မလုပ္တဲ့သူကမ်ားတယ္။ လုပ္တဲ့သူကလည္း အခုခ်ိန္မွာဆိုရင္ေတာ့ အဆင္မေျပဘူး။ မိသားစုနဲ႔ပဲေပါ့ေနာ္။ အခုက အဲ့လိုမ်ဳိး အဆင္ေျပသလုိ က်ေနာ္တို႔ လုပ္ေနၾကတယ္။”

လက္ရွိႏိုင္ငံေရးနဲ႔ က်န္းမာေရးအေျခအေနအရ ခရစၥမတ္ပြဲေတာ္ကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ အရင္ႏွစ္ကလိုမ်ဳိး ခမ္းခမ္းနားနား မက်င္းပဖုိ႔ ဆံုးျဖတ္ထားၾကၿပီး ေက်းရြာဘုရားေက်ာင္းေတြမွာပဲ ဆုေတာင္းဝတ္ျပဳမႈေတြကို လုပ္သြားမယ္လို႔ ေနာက္ထပ္ ခ်င္းျပည္နယ္ေဒသခံတဦးက ေျပာပါတယ္။

“အခု ခရစၥမတ္နီးလာၿပီဆိုေတာ့ ခရစၥမတ္ မႏွစ္တုန္းကလို သိပ္ၿပီးေတာ့ အစီအစဥ္ ႀကီးႀကီးက်ယ္က်ယ္စီစဥ္တာတို႔လည္း မရွိဘူး။ လူေတြေတာ့စံုတယ္။ ဒါေပမယ့္ ႀကီးႀကီးက်ယ္က်ယ္ေတာ့ မလုပ္ေပမယ့္ ဘုရားေက်ာင္းမွာ အဲ့လိုလုပ္ၾကတယ္။”

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ခ်င္းျပည္နယ္ထဲက ၿငိမ္းခ်မ္းစြာကန႔္ကြက္ဆႏၵျပသူေတြအေပၚ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြက အင္အားသုံးႏွိမ္ႏွင္းတဲ့အတြက္ ေဒသခံေတြ ရရာလက္နက္ စြဲကိုင္ တုံ႔ျပန္ေနၾကပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား တုိက္ပြဲေတြေၾကာင့္ ေဒသခံအမ်ားအျပား အိုးအိမ္ပစ္ ထြက္ေျပးၿပီး ေဘးလြတ္ရာမွာ ခိုလႈံေနၾကရပါတယ္။

ထန္တလန္ၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့ စက္တင္ဘာလကစၿပီး ဒီဇင္ဘာလအထိ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ လူေနအိမ္ မီးေလာင္ကြၽမ္းမႈ ၁၀ ႀကိမ္ထက္မနည္းရွိၿပီး ဘုရား႐ွိခို္းေက်ာင္း ၁၃ ခုအပါအဝင္ အိမ္ေျခ ၆၀၀ နီးပါး မီးေလာင္ကြၽမ္းခဲ့ပါတယ္။ ခ်င္းျပည္နယ္တခုလံုးမွာ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြေၾကာင့္ ထိခိုက္ပ်က္စီးတဲ့ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းေပါင္း ၂၀ ထက္မနည္းရွိတယ္လို႔လည္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ေတြက ေျပာၾကားထားပါတယ္။

===========

[[Unicode]]

ချင်းပြည်နယ်တွင်း ခရစ္စမတ်နေ့ ပျော်ရွှင်ပွဲတွေ ကျင်းပဖို့မရှိ

လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ်ထဲမှာ ခရစ္စမတ်ပွဲတော်ကို ဒီနှစ် စည်စည်ကားကား ကျင်းပဖြစ်မှာမဟုတ်ဘူးလို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေက ပြောကြပါတယ်။ စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အများအပြား ဒုက္ခရောက်နေချိန် အကျဉ်းရုံး ဆုတောင်းဝတ်ပြုမှုတွေကိုပဲ လုပ်သွားမယ်လို့ ပြောပါတယ်။ ပျော်ရွှင်ရမယ့်ပွဲတော်အစား ငြိမ်းချမ်းရေးအတွက် ဆုတောင်းမယ့် ခရစ္စမတ်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ချိန်ဆိုရင် မိသားစုတွေ ပြန်ဆုံကြ၊ စုဝေးစားသောက်ကြ၊ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲလုပ် လက်ဆောင်တွေ ပေးလေ့ရှိပါတယ်။ အဲဒီလို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတဲ့ ခရစ္စမတ်ပွဲတော်မျိုး ဒီနှစ်တော့ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီအစား ဒုက္ခရောက်နေသူတွေအတွက် ဆုတောင်းဝတ်ပြုပွဲတွေကိုပဲ အကျဉ်းရုန်းလုပ်သွားဖို့ ပြင်ဆင်ထားကြပါတယ်။ မြို့ခံအများအပြား စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်တွင်း ဘေးလွတ်ရာ ခိုလှုံနေကြရတဲ့ နေရာတွေကနေပဲ ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတဦးကပြောပါတယ်။

“ကန်ပလက်မှာလည်း ဝတ်ပြုတာတွေ မရှိတော့ဘူးလေ ကျနော့်အသင်းတော်က၊ ဒါပေမယ့် ကျနော်တို့က တောမှာပဲ ထွက်ပြေးနေရတယ်ဆိုတော့ ပြေးတဲ့နေရာမှာ ဒီတိုင်းပဲ ဆုတောင်းကြမလားလို့။ ဆုတောင်းပွဲလေးတွေ ကျနော်တို့ ခရစ်ယာန်မိသားစုပဲဆိုတော့ လုပ်ကြရင်ကောင်းမလားလို့ အဲ့လိုပဲစီစဉ်တယ်။ ထွက်ပြေးနေရတယ်။ ဆိုပါတော့ စစ်ရှောင်တယ်ပေါ့လေ၊ စစ်ရှောင်တယ်ဆိုတော့ နေရာထိုင်ခင်းကအစ ပြီးတော့ နေရေး ထိုင်ရေး ပြုလုပ်မယ့်နေရာတွေရော ဝတ်ပြုမယ့်နေရာတွေရော အများစုကတော့ အဆင်မပြေတဲ့အတွက် မလုပ်နိုင်တာဖြစ်မယ်။”

မြန်မာ နှစ်ခြင်းခရစ်ယာန်မိတ်သဟာယကလည်း ခရစ္စမတ်ပွဲတော်တွေ ကျင်းပမယ့်အစား အမှန်တရားအတွက် နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့သူတွေအတွက် စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေကို ကူညီပေးကြဖို့ အသင်းတော်တွေနဲ့ အသင်းတော်ဝင်တွေကို နိုဝင်ဘာလ ၂၂ ရက်နေ့က မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။

ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ အမြတ်တနိုးထားတဲ့ ခရစ္စမတ်နေ့မှာ ပျော်ရွှင်နေရမယ့်အစား အိုးပစ်အိမ်ပစ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ အများကြီး စိတ်မကောင်းဖြစ်ရတယ်လို့ကန်ပလက် စစ်ဘေးဒုက္ခသည်တယောက်က ပြောပါတယ်။

“ရောက်တဲ့နေရာမှာ အကျဉ်းချုံးလေး ဆုတောင်းပွဲလေးပေါ့။ လုပ်ရဖို့ အစီစဉ်တော့ ရှိတယ်။ အဲ့အပေါ်မှာတော့ အများကြီး စိတ်မကောင်းဖြစ်ရတယ်။ ကျနော်တို့ ခရစ်ယာန်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ ကျနော်တို့ ဘုရားကျောင်းတွေမှာ အသင်းသူအသင်းသားတွေ စုံစုံညီညီနဲ့ ဘုရားရှိခိုး ဝတ်ပြု ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပခဲ့တဲ့နေ့တွေ နှစ်စဉ်နှစ်တိုင်းပေါ့ ကျင်းပဖို့ နေ့ထူးနေ့မြတ်မှာ အိုးပစ်အိမ်ပစ်ပြေးနေရတဲ့အပေါ် အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။”

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးဒုက္ခရောက်နေကြပါတယ်။ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခရစ်ယာန်မိသားစုတွေနဲ့ အကျဉ်းရုံး ဆုတောင်းပွဲတွေ လုပ်သွားမယ်လို့ မင်းတပ်မြို့နယ် ဘာသာရေးခေါင်းဆောင်တဦးက ဗွီအိုအေကိုပြောပါတယ်။

“ခရစ္စမတ်အစီအစဉ်ကတော့ နေ့ထူး အဲ့ဒီ ၂၅ ရက်နေ့မှာတော့ ဆုတောင်းဝတ်ပြုမယ်။ နောက်ရှိတဲ့ဟာလေး camp မှာသော်လည်းကောင်း၊ camp မှာရှိတဲ့သူ မိသားစုနဲ့ မိတ်သဟာယဖွဲ့ ဝတ်ပြုဆုတောင်း နောက်မိတ်ဆုံစား အဲ့လိုမျိုးတွေ အစီအစဉ်ရှိတယ်။ လက်လှမ်းမီသလောက်တော့ ၂၅ ရက်ကတော့ လုပ်ကြဖို့တော့ အစီစဉ်တော့ ရှိကြပါတယ်။”

ခရစ္စမတ်ပွဲတော် မကျင်းပနိုင်ပေမယ့် မိသားစုအလိုက် အဆင်ပြေသလို ဖြတ်သန်းကြမယ်လို့ မတူပီမြို့နယ်၊ ရမ်တိန်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ခရစ္စမတ်ပွဲတော်နဲ့ ပတ်သက်ပြီးတော့ အားလုံးလိုလိုက မလုပ်တဲ့သူကများတယ်ပေါ့နော်။ ဒီကာလမှာ ဒီလိုမျိုးအခြေအနေဖြစ်တဲ့အတွက်ကြောင့်ပေ့ါနော်။ အားလုံးက ကြေကွဲဝမ်းနည်းပြီးတော့ ဒါမျိုးမလုပ်တဲ့သူက များတယ်ပေါ့နော်။ ပြည်နယ်အဆင့်ရော မြို့နယ်အဆင့်ရော မလုပ်တဲ့သူကများတယ်။ တနေရာနဲ့ တနေရာပေါ့နော် မလုပ်တဲ့သူကများတယ်။ လုပ်တဲ့သူကလည်း အခုချိန်မှာဆိုရင်တော့ အဆင်မပြေဘူး။ မိသားစုနဲ့ပဲပေါ့နော်။ အခုက အဲ့လိုမျိုး အဆင်ပြေသလို ကျနော်တို့ လုပ်နေကြတယ်။”

လက်ရှိနိုင်ငံရေးနဲ့ ကျန်းမာရေးအခြေအနေအရ ခရစ္စမတ်ပွဲတော်ကို နေရာတော်တော်များများမှာ အရင်နှစ်ကလိုမျိုး ခမ်းခမ်းနားနား မကျင်းပဖို့ ဆုံးဖြတ်ထားကြပြီး ကျေးရွာဘုရားကျောင်းတွေမှာပဲ ဆုတောင်းဝတ်ပြုမှုတွေကို လုပ်သွားမယ်လို့ နောက်ထပ် ချင်းပြည်နယ်ဒေသခံတဦးက ပြောပါတယ်။

“အခု ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ် မနှစ်တုန်းကလို သိပ်ပြီးတော့ အစီအစဉ် ကြီးကြီးကျယ်ကျယ်စီစဉ်တာတို့လည်း မရှိဘူး။ လူတွေတော့စုံတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်တော့ မလုပ်ပေမယ့် ဘုရားကျောင်းမှာ အဲ့လိုလုပ်ကြတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲက ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နှင်းတဲ့အတွက် ဒေသခံတွေ ရရာလက်နက် စွဲကိုင် တုံ့ပြန်နေကြပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား အိုးအိမ်ပစ် ထွက်ပြေးပြီး ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။

ထန်တလန်မြို့မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဒီဇင်ဘာလအထိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေအိမ် မီးလောင်ကျွမ်းမှု ၁၀ ကြိမ်ထက်မနည်းရှိပြီး ဘုရားရှိခိုးကျောင်း ၁၃ ခုအပါအဝင် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ ချင်းပြည်နယ်တခုလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ထိခိုက်ပျက်စီးတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါင်း ၂၀ ထက်မနည်းရှိတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Christmas #voaburmese #ခရစ္စမတ်စ် #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

===========

XS
SM
MD
LG