သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်မစွက်ဖို့ ကန်သမ္မတ တရုတ်ကိုသတိပေး

FILE - In this photo taken through a window, President Joe Biden talks on the phone in the Oval Office of the White House in Washington, Dec. 9, 2021.
FILE - In this photo taken through a window, President Joe Biden talks on the phone in the Oval Office of the White House in Washington, Dec. 9, 2021.

အမေရိကန်-တရုတ် ခေါင်းဆောင်နှစ်ဦး အင်္ဂါနေ့က ဖုန်းနဲ့ စကားပြောဆိုကြရာမှာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်မစွက်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြောလိုက်ပါတယ်။ ခုလို ဖုန်းပြောကြတာဟာ နှစ်နိုင်ငံကြား ပဋိပက္ခတွေ ရှောင်ရှားနိုင်ဖို့ နဲ့ ပွတ်တိုက်မှုတွေကို တာဝန်သိသိ ဖြေရှင်းနိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားရေးဆိုတဲ့ သဘောတူညီချက်ကို အမေရိကန်က ထိန်းသိမ်းတာဖြစ်ပါတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

တရုတ်အနေနဲ့ ရွေးကောက်ပွဲကို ဝင်မစွက်ဖို့ အရင်တုန်းကလည်း သမ္မတဘိုင်ဒင်က ပြောခဲ့ဖူးသလို၊ တရုတ်အစိုးရကလည်း အမေရိကန်ရဲ့ ပြည်တွင်းရေးတွေမှာ ဝင်စွက်ဖို့ စိတ်မဝင်စားကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးတာပါ။ ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပင်န်းယု Liu Pengyu ကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲကို တရုတ်တို့ ဝင်စွက်တယ်ဆိုတာ လုပ်ကြံပြောဆိုမှုသာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

သမ္မတနှစ်ဦး ဖုံးနဲ့ ပြောဆိုရာမှာတော့ အရင်ဆွေးနွေးပွဲ သဘောတူညီချက်တွေအကောင်အထည်ဖော်မှုကို သုံးသပ်ခဲ့ကြသလို၊ မူးယစ်ဆေးဝါးနှိမ်နင်းမှု နဲ့ စစ်တပ်ချင်း ဆက်ဆံ ဆက်သွယ်မှု၊ ဥတုရာသီ အပြောင်းအလဲ ကိစ္စ နဲ့ ပြည်သူချင်း ဆက်ဆံမှုတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ အပါအဝင် အရေးကြီး ကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက် မှာ ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG