သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်တော်ဖွားမြင်ရာ လူသောင်းချီစုရုံး


ခရစ်တော်ဖွားမြင်ရာ လူသောင်းချီစုရုံး
ခရစ်တော်ဖွားမြင်ရာ လူသောင်းချီစုရုံး

ယေရှုခရစ်တော် မွေးဖွားရာနေရာလို့ အစဉ်အလာအားဖြင့် ယုံကြည်ကြတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဘက်သလေဟမ် မြို့မှာ ဆောင်းရာသီကာလနဲ့ မတူဘဲ ပူနွေးနေတဲ့ကြားထဲ သောကြာနေ့က လူ ထောင်ပေါင်းများစွာတို့ဟာ ခရစ္စမတ်စ်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။

ဘာသာရေးခရီးသွားတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ခရစ်ယာန် ဘာသာရေးဆရာတွေ စုဝေး ရောက်သွားခဲ့ကြတဲ့ ဘက်သလေဟမ် တမြို့လုံးမှာတော့ ခရစ္စမတ်စ် အလှမီးတွေ ထိန်ထိန်ညီးအောင် ထွန်းညှိထားပြီး ဆန်တာကလော့စ် လေပူဖောင်းအရုပ်တွေကိုလည်း ချိတ်ဆွဲ ဆင်ယင်ထားကြပါတယ်။

သောကြာနေ့ကလုပ်ခဲ့တဲ့ မန်ဂျာရင်ပြင်မှာ စီတန်းလှည့်လည်ပြီး ဘုရားစာရွတ်ဆိုကြတဲ့ ပွဲတခုကို လက်တင် ဂိုဏ်းအုပ်ဘုန်းတော် ကြီး ဖူးအာ့ဒ် တွားလ် (Fouad Twal) က ဦးဆောင်ခဲ့ပါတယ်။ သူဟာ မြင့်မြတ်တဲ့မြေလို့ ခေါ်ကြတဲ့ ခရစ်တော်မွေးဖွားရာ နေရာ က ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ့ ထိပ်တန်း ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်ပါတယ်။

XS
SM
MD
LG