သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည်စခန်းတွေက Christmas ပွဲတော်


မြစ်ကြီးနားရှိ စစ်ရှောင်စခန်းကို KBC လူငယ်များသွားရောက်သီချင်းဆိုစဉ် (KBc Kachin)
မြစ်ကြီးနားရှိ စစ်ရှောင်စခန်းကို KBC လူငယ်များသွားရောက်သီချင်းဆိုစဉ် (KBc Kachin)

ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားတဲ့ Christmas နေ့မှာ ထိုင်း- မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေ၊ တရုတ်-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေ Christmas ပွဲတော်ကို ဆင်နွဲကြပါတယ်။ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ ၊ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ပေမဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေက ခရစ်ယာန်ဘာသာဝင်တွေကတော့ ပွဲတော်ကိုဆင်နွဲနိုင်ခြင်းမရှိကြပါဘူး။ စစ်ဘေးသင့် ခရစ်ယာန်ဒုက္ခသည်တွေရဲ့ Christmas နေ့အကြောင့် ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့မှာ မြန်မာနိုင်ငံတဝန်းလုံးက ခရစ်ယာန်ဘာသာဝင်တွေဟာ ဆုတောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပနေကြပါတယ်။ ခရစ်ယန်ဘာသာဝင်တွေ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေဖြစ်တာကြောင့် ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည်စခန်း ၇ ခုမှာ ဘုရားရှစ်ခိုးကျောင်းတွေကဦးစီးပြီးခရစ္စမတ်နေ့ ပျော်ပွဲရွင်ပွဲတွေနဲ့ ဘုရားရှစ်ခိုးဆုတောင်းပွဲတွေလုပ်ခဲ့တယ်လို့ ကရင်ဒုက္ခသည်ကော်မတီဥကဌ ဦးရောဘတ်ထွေးကပြောပါတယ်

"အများအားဖြင့်တော့ စခန်းမှာက ခရစ်ဘာသာဝင်တွေပဲ စခန်းထဲမှာတော့ ချတ်ကျောင်းက ခေါင်းဆောင်တွေက သူတိုအစီစဉ်လုပ်ကြတာပဲ ဘုရားရှစ်ခိုးတာတွေတော့ရှိတယ် ကလေးတွေကိုပေးကစားတွေကိုလုပ်တယ် "

ခရစ်ယာန်ဘာသာဝင်တွေများတဲ့ ကချင်ပြည်နယ်ထဲကတချို့ဒေသတွေမှာ တိုက်ပွဲတွေရှိနေသေးတာကြောင့် ဘာသာဝင်တချို့က ခရစ္စမတ်ပွဲတော်ကို မဆင်နွဲနိုင်ကြပါဘူး။ စစ်ရှောင်ဒုက္ခသည်တွေမှာတော့ ဝတ်ပြုဆုတောင်းပွဲတွေကို ကျင်းပတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

" တိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာတော့မလုပ်ဖြစ်ဘူးပေါ့ ရှေတန်းတွေမှာတော့မလုပ်ဖြစ်ဘူးပေါ့ တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာတေ့ာပုံမှန်အတိုင်းခရစ္စမတ်အချိန်မှာတော့ပုံမှန်လုပ်ကြတာပါပဲ အဓိကတော့ ဘုရားရှစ်ခိုးတာတွေလုပ်ကြတာပါပဲ။ ပျော်ပွဲရွင်ပွဲရယ်လို့တော့တကူူးတကလုပ်တာမဟုတ်ပါဘူး "

တနင်္ဂနွေနေ့တုန်းကတော့ တရုတ်- မြန်မာနယ်စပ် ကချင်ပြည်နယ် မှာ လက်နက်ကြီးကျတဲ့အတွက် ကချင်ရွာသားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ။ အထူးသဖြင့် ခရစ်ယာန်ကလေးငယ်တွေ လက်ဆောင်တွေရကြလို့ ပျော်ရွှင်ကြတဲ့ ခရစ္စမတ်ပွဲတော်နေ့မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ ငြိမ်းချမ်းဖို့အတွက် အဓိကဆုတောင်းနေကြပါတယ်။

XS
SM
MD
LG