သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ Columbus ႐ုံးပိတ္ရက္ကို ဌာေနတိုင္းရင္းသားေန႔အျဖစ္လည္း သုံးႏႈံး


နယူးေယာက္ခ္ၿမိဳ႕၊ မဲန္ဟက္တန္မွာရွိတဲ့ Christopher Columbus ေက်ာက္႐ုပ္တု။

{Zawgyi/Unicode}

အေမရိကန္ျပည္ေထာင္စုမွာ ဒီေန႔က်ေရာက္တဲ့ Columbus ႐ုံးပိတ္ရက္ေန႔ကို ဌာေနတိုင္းရင္းသားမ်ားေန႔အျဖစ္ ထုတ္ေဖာ္ေၾကညာလိုက္ပါၿပီ။ ၁၄၉၂ မွာ အေမရိကတိုက္မွာအေျခခ်ခဲ့တဲ့ ကိုလန္ဘတ္စ္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ Columbus Day ကို အစိုးရ႐ုံးပိတ္ရက္အျဖစ္ ၁၉၇၁ ခုႏွစ္ကတည္းက သတ္မွတ္ခဲ့တာပါ။

ဌာေနတိုင္းရင္းသားေတြဆီကို အၾကမ္းဖက္မႈေတြ၊ ေရာဂါဘယေတြနဲ႔တျခားေသာ ထိခိုက္နာက်င္မႈေတြကို ဥေရာပ သားေတြက သယ္ေဆာင္လာခဲ့တယ္ဆိုၿပီး ျပန္လည္သုံးသပ္မႈေတြ ၿပီးခဲ့ႏွစ္ေတြအတြင္းေပၚေပါက္လာခဲ့ၿပီးေနာက္ Columbus ေန႔ကို ဖ်က္သိမ္းၿပီး ဌာေနတိုင္းရင္းသားမ်ားေန႔အျဖစ္ သတ္မွတ္ေပးဖို႔ေတာင္းဆိုမႈေတြ ျဖစ္ေပၚလာတာပါ။ အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္က အခု တနလၤာေန႔ကို ဌာေနတိုင္းရင္းသားမ်ားေန႔အျဖစ္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဌာေနတိုင္းရင္းသားေတြနဲ႔လူမ်ိဳးစုတိုင္းျပည္ငယ္ေတြအေပၚ ဥေရာပနယ္ေျမသစ္ရွာသူေတြရဲ႕ ရက္စက္မႈေတြနဲ႔ ထိခိုက္ နာက်င္မႈေတြျဖစ္ေစခဲ့တဲ့ သမိုင္းအမွားအယြင္းကို ဒီေန႔မွာ က်ေနာ္တို႔အသိအမွတ္ျပဳၾကရမွာျဖစ္ၿပီး အခုလို သမိုင္းရဲ႕ ရွက္စရာအစိတ္အပိုင္းေတြကိုက်ေနာ္တို႔ဖုံးကြယ္ထားမလား၊ ႐ိုး႐ိုးသားသား အျဖစ္မွန္ကိုထုတ္ေဖာ္ေျပာမလားဆိုတာ က်ေနာ္တို႔တိုင္းျပည္ရဲ႕ ႀကီးျမတ္မႈေပၚမူတယ္တယ္လို႔ သမၼတဘိုင္ဒန္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


-----------

{Unicode}

အမေရိကန် Columbus ရုံးပိတ်ရက်ကို ဌာနေတိုင်းရင်းသားနေ့အဖြစ်လည်း သုံးနှုံး

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ကျရောက်တဲ့ Columbus ရုံးပိတ်ရက်နေ့ကို ဌာနေတိုင်းရင်းသားများနေ့အဖြစ် ထုတ်ဖော်ကြေညာလိုက်ပါပြီ။ ၁၄၉၂ မှာ အမေရိကတိုက်မှာအခြေချခဲ့တဲ့ ကိုလန်ဘတ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ Columbus Day ကို အစိုးရရုံးပိတ်ရက်အဖြစ် ၁၉၇၁ ခုှနှစ်ကတည်းက သတ်မှတ်ခဲ့တာပါ။

ဌာနေတိုင်းရင်းသားတွေဆီကို အကြမ်းဖက်မှုတွေ၊ ရောဂါဘယတွေနဲ့တခြားသော ထိခိုက်နာကျင်မှုတွေကို ဥရောပ သားတွေက သယ်ဆောင်လာခဲ့တယ်ဆိုပြီး ပြန်လည်သုံးသပ်မှုတွေ ပြီးခဲ့နှစ်တွေအတွင်းပေါ်ပေါက်လာခဲ့ပြီးနောက် Columbus နေ့ကို ဖျက်သိမ်းပြီး ဌာနေတိုင်းရင်းသားများနေ့အဖြစ် သတ်မှတ်ပေးဖို့တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတာပါ။ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က အခု တနင်္လာနေ့ကို ဌာနေတိုင်းရင်းသားများနေ့အဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဌာနေတိုင်းရင်းသားတွေနဲ့လူမျိုးစုတိုင်းပြည်ငယ်တွေအပေါ် ဥရောပနယ်မြေသစ်ရှာသူတွေရဲ့ ရက်စက်မှုတွေနဲ့ ထိခိုက် နာကျင်မှုတွေဖြစ်စေခဲ့တဲ့ သမိုင်းအမှားအယွင်းကို ဒီနေ့မှာ ကျနော်တို့အသိအမှတ်ပြုကြရမှာဖြစ်ပြီး အခုလို သမိုင်းရဲ့ ရှက်စရာအစိတ်အပိုင်းတွေကိုကျနော်တို့ဖုံးကွယ်ထားမလား၊ ရိုးရိုးသားသား အဖြစ်မှန်ကိုထုတ်ဖော်ပြောမလားဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ ကြီးမြတ်မှုပေါ်မူတယ်တယ်လို့ သမ္မတဘိုင်ဒန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ။

#ColumbusDay #USIndigenousPeoplesDay #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG