သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးကဏ္ဍအတွက် အာရှမဟာမိတ်တွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်


အမေရိကန်ရဲ့ မဟာမိတ် အာရှနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား ပဋိပက္ခတွေ ရှိလာခဲ့မယ်ဆိုရင် အမေရိကန်အနေနဲ့ မဟာမိတ်တွေဘက်က ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က သတိပေး ပြောဆိုလိုက်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wangquan နဲ့ ဘေဂျင်းမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် မစ္စတာ Hagel က အခုလို ပြောလိုက်တာပါ။ ရေရှည် မဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေဘက်ကနေ ကာကွယ်ပေးရမယ့် သဘောတူစာချုပ်တွေအတိုင်း အမေရိကန်အစိုးရက သန္ဓိဌာန် အပြည့်အဝထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ Hagel က ပြောသွားခဲ့တာပါ။

တရုတ်နိုင်ငံဟာ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲကြတဲ့ အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတွေ ပါဝင်နေတာပါ။ ဂျပန်က သူပိုင်တယ်လို့ပြောထားတဲ့ ကျွန်းစုတချို့မှာ တရုတ်က ပြီးခဲ့တဲ့နှစ်က လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာ Hagel က ထပ်မံ ဝေဖန်လိုက်ပါတယ်။

"ဒီကိစ္စ အမေရိကန်က ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။
ေလေကြာင်းကာကွယ်ရေးဇုန် တည်ဆောက်ခွင့် နိုင်ငံတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို အသုံးချတဲ့နေရာမှာ ဘယ်သူနဲ့မှ ပူးပေါင်းဆောင်
ဆောင်ရွက်ခြင်းမရှိ၊ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ တဦးတည်း ဆုံးဖြတ်လုပ်ဆောင်ရမှာတော့ မဟုတ်ပါဘူး။ ဒါက တင်းမာမှုတွေနဲ့ နားလည်မှုလွဲမှားမှုတွေ ဖြစ်လာနိုင်သလို၊ အဆုံးသတ်မှာ အန္တရာယ်ရှိတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။” - လို့ မစ္စတာ ဟေဂယ်လ်က ပြောသွားတာပါ။

ကာကွယ်ရေးဝန်ကြီးနှစ်ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ် ကာကွယ်ရေးဝန်ကြီး Chang ကလည်း တရုတ်နိုင်ငံအနေနဲ့ ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ အပေးအယူလုပ်တာ၊ အလျှော့ပေးတာမျိုး လုပ်သွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG