သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pompeo ပြုံယမ်းကနေ ပြန်လာနေပြီဖြစ်ကြောင်း Trump အတည်ပြု


CIA အကြီးအကဲ Mike Pompeo (ဝဲ)၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ယာ)
CIA အကြီးအကဲ Mike Pompeo (ဝဲ)၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ယာ)

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ပြုံယမ်းမြို့တော်မှာ လျို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သမ္မတ Donald Trump ကဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။

Pompeo ဟာ မြောက်ကိုရီးယားကနေ ပြန်လာနေပြီဖြစ်ပြီး သူနဲ့ Kim Jong Un တို့ရဲ့ တွေ့ဆုံမှုဟာ အဆင်ပြေသလို ဆက်ဆံရေးလည်း အတော်ပြေလည်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ဖလော်ရီဒါက သူ့ရဲ့အပမ်းဖြေစခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့သလို မစ္စတာ Pompeo ဟာ ဆက်ဆံရေးကောင်းသူတယောက် ဖြစ်ကြောင်း ချီးကြူးခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့ကြား အမြင့်ဆုံးအဆင့် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သမ္မတ Trump ကပြောခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ သမ္မတ Trump က နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရတဲ့ Mike Pompeo ဟာ ဒီလအစောပိုင်း အီစတာ သီတင်းပတ်ကုန်က ပြုံယမ်းကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG