အီရတ်စစ်ပွဲ အဆုံးသတ်ရေးမှာ အဓိက အရေးပါခဲ့တဲ့ CIA အမေရိကန်ဗဟိုထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးဟောင်း David Petraeus ဟာ သူ့အနေနဲ့ လိင်မှုဖောက်ပြန်မှုဖြစ်ခဲ့ပြီး အဆုံးအဖြတ်မှားမိ ခဲ့တာကြောင့် သူ့ဘာသူ နှုတ်ထွက်ခွင့်တင်လိုက်ပြီလို့ သောကြာနေ့မှာ ထုတ်ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း David Petraeus အနေနဲ့ CIA ကိုရေးတဲ့အစီရင်ခံစာထဲမှာ အခုလို လိင်ဖောက်ပြန်မှု ကျူးလွန်ခဲ့မိတာဟာ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး။ အထူးသဖြင့် မိန်းမရှိတဲ့ ခင်ပွန်းတဦးအနေနဲ့ရော၊ CIA လို အဖွဲ့အစည်းကြီးအတွက်ပါ အဆုံးအဖြတ်မှားခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဒီနှုတ်ထွက်စာကို သမ္မတ Barack Obama ထံကိုလည်း ကြာသပတေးနေ့က ကိုယ်တိုင်ပေးအပ်ခဲ့ပါတယ်။
သမ္မတအိုဘားမားကလည်း ဒီနှုတ်ထွက်စာကို လက်ခံခဲ့တယ် လို့ သောကြာနေ့မှာ ကြေညာချက် ထုတ်ပြောခဲ့ပြီး မစ္စတာ Petraeus ဟာ အမေရိကန်စစ်တပ်ထဲမှာနဲ့ CIA မှာပါ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့မှုတွေကြောင့် အမေရိကန်နိုင်ငံဟာ ပိုမိုလုံခြုံပြီး၊ ပိုမိုအင်အားကောင်းလာတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၁ ဧပြီလမှာ လက်ရှိအမေရိကန်ကာကွယ်ရေးဝန်ကြီး leon panetta ကို အစားထိုးပြီး CIA အကြီးအကဲဖြစ်လာတဲ့ မစ္စတာ Petraeus ဟာလည်း CIA လို အဖွဲ့မှာ ထမ်းဆောင်ခွင့်ရခဲ့တာကို ဂုဏ်ယူမိတယ်။ သူ့လက်အောက်ဝန်ထမ်းတွေရဲ့ အများမတူ တမူထူးခြားစွာ စွမ်းဆောင်နိုင်ချက်တွေအတွက် အထူးကျေးဇူးတင် အသိအမှတ်ပြုပါတယ်လို့ ဆိုခဲ့ပါတယ်။
အသက်၆၀ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Petraeus ဟာ အထက်တန်းကျောင်းအပြီးမှာ West Point စစ်တက္ကသိုလ်ကို တက်ခဲ့ပြီး ရာထူးတွေ အဆင့်ဆင့်တိုးကာ ၂၀၁၀ မတိုင်ခင်မှာ အီရတ်နိုင်ငံမှာ အမြင့်ဆုံးအမေရိကန် စစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ကနေ ၂၀၁၁ အထိတော့ အာဖဂန်စစ်ပွဲမှာ ဦးစီးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့ရပါတယ်။