သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CIA လုပ်ရပ် ညွှန်ကြားရေးမှုး ကာကွယ်ပြောဆို


 (CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄)
(CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄)

၂၀၀၁ ခုနှစ်က အမေရိကန်ပြန်ထောင်စု အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သမား တွေလို့ သံသယရှိသူတွေကို ဆက်ဆံတဲ့နေရာမှာ ပိုမိုထိရောက်စေတဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ က ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဒီလိုနည်းလမ်းတွေကြောင့် အလွန်အသုံးဝင်တဲ့ သတင်းအချက်လက်တွေ ရရှိခဲ့ပြီး တိုင်းပြည်ကို ထပ်မံ တိုက်ခိုက်မှုတွေ မခံရအောင် ကာကွယ်နိုင်ခဲ့သလို အယ်လ်ကိုင်ဒါး အကြမ်းဖက်သမားတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ CIA ညွှန်ကြားရေးမှုး John Brannan က ဒေသစံတော်ချိန် ကြာသာပတေးနေ့ နေ့ခင်းပိုင်းက CIA ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော်က အခုသတင်းပတ်အတွင်း ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောထားတဲ့ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းတဲ့ နည်းစနစ်တွေက ထောက်လှမ်းရေးအတွက် အချိန်ကုန်တာပဲရှိတယ်လို့ ဆိုတဲ့အချက်ကို သူက ငြင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ တချို့ CIA ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ ခွင့်ပြုထားတာထက် ကျော်လွန်တာတွေရှိကြောင်း သူက အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့ အပြီး လူပေါင်း သုံးထောင်နီးပါး သေဆုံးခဲ့ရပြီးနောက် CIA အဖွဲ့ဝင်တွေရဲ့ စုံစမ်းထောက်လှမ်း လုပ်ဆောင်ခဲ့မှု အများစုကို သူ့အနေနဲ့ ချီးကျူးကြောင်း ပြောပါတယ်။

ကျနော်တို့နိုင်ငံအကျိုး အတွက် လုပ်ခိုင်းတာ မှန်သမျှကို သူတို့လုပ်ဆောင်ခဲ့ကြတယ်လို့ မစ္စတာ Brennan ကပြောဆိုပါတယ်။

XS
SM
MD
LG