သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CIA facebook နဲ့ twitter စာမျက်နှာဖွင့်


CIA အမှတ်တံဆိပ်။
CIA အမှတ်တံဆိပ်။
အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA ဟာ လူမှုရေးကွန်ယက်ကို စတင်အသုံးပြုနေပြီဖြစ်ပြီး လူအများကလည်း သူတို့စာမျက်နှာမှာ ဝိုင်းပြီး မှတ်ပုံတင်ကြပါတယ်။ CIA က Facebook နဲ့ Twitter စာမျက်နှာတွေဖွင့်လိုက်ကြောင်း သောကြာနေ့မှာပဲ ကြေညာသွားတာပါ။

Twitter စာမျက်နှာက ပထမဆုံးသတင်းစကားမှာတော့ ဒီစာကြောင်းက ကျနော်တို့ရဲ့ ပထမဆုံး Twitterသတင်းစကားပါဆိုတာ အတည်ပြုလို့မရ ငြင်းဆိုလို့လည်းမရပါဘူးလို့ ရေးခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အဲဒီစာကြောင်းကို သူများတွေက ထပ်ဆင့်ဖြန့်ချီမှုပေါင်း ၇ သောင်းခွဲကျော် ရှိခဲ့ပါတယ်။

သူလျှိုလုပ်ငန်းတွေကို စိတ်ဝင်စားသူတွေအနေနဲ့ “ CIA နဲ့ ပတ်သတ်တဲ့ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ အရင်က ဓာတ်ပုံဟောင်းတွေ၊ ထောက်လှမ်းရေးသတင်းတွေအပေါ် သုံးသပ်ချက်တွေနဲ့ CIA ကမ္ဘာတလွှား သိမှတ်ဖွယ်ရာတွေထဲက ရယ်စရာမောစရာ အချက်အလက်တွေကို ဖော်ပြမယ်လို့ CIA က ပြောထားတဲ့ သူတို့ရဲ့ စာမျက်နှာတွေကိုတော့ Twitter @ CIA နဲ့ facebook တို့မှာ ကြည့်ရှုနိုင်တာပါ။

CIA မှာ အလုပ်လုပ်ချင်သူတွေအတွက် အလုပ်ခေါ်စာတွေကိုလည်း တင်ပေးမယ့်အပြင် CIA ပြတိုက်ကိုလည်း အစေ့တစောင်း ကြည့်ရှုနိုင်တာပါ။ အဲဒီလို လူမှုရေးကွန်ယက်တွေကို တိုးချဲ့အသုံးပြုလို့ CIA ဟာ အများပြည်သူနဲ့ ပိုပြီး တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်မယ် CIA ရဲ့သမိုင်း၊ သူ့ရဲ့လုပ်ငန်းတွေ ပြီးတော့ တခြားဖြစ်ပေါ်တိုးတက်မှုတွေကို တင်ပြနိုင်မယ်လို့ CIA ရဲ့ ညွှန်ကြားရေးမှူး John Brennan က ပြောပါတယ်။
XS
SM
MD
LG