သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု


 ၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု
၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု

မြန်မာနိုင်ငံက လူမှုသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ “ ပြည်သူ့ဂုဏ်ရည်ဆု” ကိုနှစ်စဉ် ချီးမြှင့်နေရာမှာ ၂၀၁၈ ခုနှစ်အတွက် ရန်ကုန်မြို့က မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံးကို ချီးမြှင့်လိုက်ပါတယ်။

၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု
၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု

မနေ့ မေလ (၂၆) ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် အယ်လ်ဘာနီမြို့မှာ ကျင်းပတဲ့ နဝမ အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲအခမ်းအနားမှာ ဆုရရှိသူကို ကြေညာခဲ့တာဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ပေးအပ်မှာဖြစ်ပါတယ်။

နောက်ထပ် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် (၃) ဦးအဖြစ် ရန်ကုန်မြို့က ဒေါက်တာမြတ်စန္ဒာသန့် မြင့်မိုရ်မေတ္တာခိုနားရာ (Single Mother ဂေဟာ)၊ ဆင်းရဲသားတွေ ပညာသင်ကြားနိုင်ရေး အထောက်အကူပေးနေတဲ့ Care to Poor Education Group နဲ့ မန္တလေးမြို့က ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအဖွဲ့ကို ဆုငွေ ဒေါ်လာ ၁,၀၀၀ စီပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရောက်ရှိနေတဲ့ မြန်မာနွယ်ဖွားတွေကနေ မြန်မာနိုင်ငံဒီမိုကရေစီ စနစ်ကူးပြောင်းရေးကို တဖက်တလမ်းကနေ အထောက်အကူ ပြုနိုင်ဖို့ လူမှုလုပ်ငန်းတွေကို ထူးထူးချွန်ချွန်ဆောင်ရွက်နေသူတွေကို ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုအဖြစ် ၂၀၁၀ ပြည့်နှစ်ကတည်းက နှစ်စဉ် ချီးမြှင့် လာခဲ့တာ ဖြစ်ပြီး ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အနုပညာရှင် ဦးကျော်သူကို ချီးမြှင့်ခဲ့ပါတယ်။ ဆုငွေအတွက်လည်း အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပရောက် မြန်မာမိသားစုတွေရဲ့ လုပ်အားခနဲ့ ပါဝင် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG