သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ သံဃာတွေအရေး ဆောင်ရွက်သူ ပြည်သူ့ဂုဏ်ရည်ဆုရ


ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသည့် ဒေါ်ရှု။
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသည့် ဒေါ်ရှု။

မြန်မာနိုင်ငံသားတွေကို လူမှုထူးချွန်ဆု ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုက ဆွတ်ခူး ရရှိသွားပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သံဃာတွေနဲ့ သီလရှင်တွေရဲ့ အရေးကို ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် လူမှုရေး လုပ်ငန်းတွေကို အနစ်နာခံပြီးတော့ လုပ်ဆောင်ပေးနေကြသူတွေ၊ နိုင်ငံသားတွေအတွက် စံပြဖြစ်မယ့် သူတွေကို အများက ဝိုင်းဝန်း မဲထည့်ကြပြီး ဒီဆုကို ရွေးချယ်ရာမှာ ဒီနှစ်အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ က မဲပေါင်း ၂၅၀,၀၀၀ ကျော် ရရှိပြီး အဲဒီအထဲက မဲအများဆုံး ၄၄% ရှိသူက ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက မြို့ ၁၅ မြို့နဲ့ ဗြိတိန်နိုင်ငံတို့မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေ စုပေါင်းပြီး ပြည်သူ့ဂုဏ်ရည် အသင်းကို ဖွဲ့စည်းထားပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို မနှစ် ဧပြီလမှာ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပြီး နာရေးကူညီမှု အသင်းက ဦးကျော်သူက ဆုရရှိခဲ့ပါတယ်။

ဒီနှစ် ဆုပေးပွဲ အခမ်းအနားကိုတော့ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတာဖြစ်ပြီး နောက်နှစ်ကျရင် နယူးယောက်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

XS
SM
MD
LG