သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟားခါးနဲ႔ ဖလမ္းမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႕မ်ားတိုက္ပဲြျဖစ္


စစ္ေရးျပင္ဆင္မႈေတြ ျမင့္တက္လာေနတဲ့ ဖလမ္းေဒသ (ဓာတ္ပံု - Chin World)

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ဟားခါးနဲ႔ ဖလမ္းဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြအၾကား မေန႔က ပစ္ခတ္တိုက္ခုိက္မႈျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီပစ္ခတ္တိုက္ခိုက္မႈမွာ စစ္ေကာင္စီတပ္ဖြဲ႔ဘက္က အထိအခိုက္မ်ားျပီး ျပည္သူ႔ကာကြယ္ေရးတပ္ဘက္ ၄ ဦးက်ဆံုးခဲ့ေၾကာင္း Chinland Defense Force အဖြဲ႔က ေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို အလိမၼာေျပာျပပါမယ္။

ခ်င္းျပည္နယ္ ဟားခါးနဲ႔ ဖလမ္းဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြအၾကား မေန႔က ပစ္ခတ္တိုက္ခုိက္မႈျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီပစ္ခတ္တိုက္ခိုက္မႈမွာ စစ္ေကာင္စီတပ္ဖြဲ႔ဘက္က အေယာက္ ၄၀ ေလာက္ေသဆံုးခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဘက္ ၄ ဦးက်ဆံုးခဲ့ေၾကာင္း Chinland Defense Force အဖြဲ႔က ေျပာပါတယ္။ ဒီအေၾကာင္းကို စုစည္းတင္ျပထားပါတယ္။

ခ်င္းျပည္နယ္၊ ဟားခါးန႔ဲ ဖလမ္းၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔တို႔အၾကား ဇြန္လ ၂၉ ရက္
မေန႔ကတိုက္ပြဲျဖစ္ခဲ့ပါတယ္။ အျပန္အလွန္ပစ္ခတ္မႈမွာ စစ္ေကာင္စီတပ္ဘက္က အေယာက္ ၄၀ ေလာက္္ ေသဆံုးခဲ့ေၾကာင္း Chinland Defense Force အဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

ဟားခါးၿမိဳ႕နယ္မွာရွိတဲ့ ဘြန္ဇြန္းနယ္ေျမ ရဲစခန္းကို မေန႔က မနက္အေစာပိုင္းမွာ ဟားခါး CDF တပ္ဖြဲ႕က သြားေရာက္ တိုက္ခိုက္ပါတယ္။ ၅ နာရီေက်ာ္အၾကာ အျပန္လွန္ပစ္ခတ္မႈမွာ စစ္ေကာင္စီဘက္ အေယာက္ ၂၀ ေလာက္ေသဆံုးခဲ့ၿပီး ဟားခါး CDF ဘက္မွာ တစ္ဦး ဒဏ္ရာရရွိေၾကာင္း တယ္လုိ႔ ေျပာပါတယ္။

“တပ္စခန္းကို ဒီ CDF ဟားခါးဘက္ကေန က်ေနာ္တို႔သြားပစ္တာေပ့ါ မနက္ပိုင္း ၅ နာရီ ၄၀ ဝန္းက်င္ပစ္ၿပီးေတာ့ ပစ္ခ်ိန္က အရမ္းကိုၾကားသြားတယ္ ၁၁ နာရီအထိေလာက္ ပစ္ခတ္မႈရွိတာေပါ့ေနာ္၊ အဲ့မွာဟို (စစ္ေကာင္စီတပ္ဖြဲ႔) လူဘက္က အေယာက္ ၂၀ခန္႔ေသတယ္ ၿပီးေတာ့က်ေနာ္တို႔ ဖက္မွာေတာ့ အေသးစား ဒဏ္ရာတစ္ေယာက္ရသြားတယ္။”

အျပန္အလွန္ပစ္ခတ္မႈျဖစ္ၿပီး ညေနပိုင္းမွာ စစ္ေကာင္စီတပ္က ထိခိုက္သူနဲ႔ ေသဆံုးသူအေလာင္ေတြကို လာေကာက္ယူၿပီး အင္အားျဖည့္ဆည္းထားတယ္လို႔ ေျပာပါတယ္။

စစ္တပ္က အင္အားျဖည့္ထားေပမဲ့ ျပည္သူ႔ကာကြယ္ေရးအဖဲြ႕ေတြက တိုက္ခိုက္မႈေတြ လုပ္ေနတာပါ။ တိုက္ပဲြေတြေၾကာင့္ ၿမိဳ႕က ထြက္ေျပးသြားၾကသူေတြအတြက္ လုိအပ္တဲ့ပစၥည္းေတြ ျပန္ယူတဲ့ လူငယ္ႏွစ္ေယာက္ကို စစ္တပ္က ဒီေန႔ မနက္ပိုင္းမွာ ပစ္ခတ္ခဲ့တယ္လို႔ အဲဒီေဒသခံက ေျပာပါတယ္။

ရဲကင္းပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ဟားခါးေဒသခံတစ္ဦးကေတာ့ အခုလို ေျပာပါတယ္။

“ဒီက်ေနာ္တို႔ ဟားခါးဟိုဘက္ ဟားခါးၿမိဳ႕နယ္ထဲက ဘြန္ဇြမ္းရဲကင္းစခန္းေပါ့ေနာ္ ရြာ ဘြန္ဇြမ္းရဲကင္းစခန္း မေန႔ မနက္က ပစ္ၾကတယ္ထင္တယ္။ ထိခိုက္မႈက ၂၀ နီးပါးေလာက္ေသတယ္လို႔ တပ္ဒီရဲကင္းစခန္း ေတာ္ေတာ္ထိတယ္လို႔ေတာ့ ေျပာတယ္။ က်ေနာ္လည္း
အတိအက်လို႔ေတာ့ မသိေပါ့ဘူး။ CDF ဘက္ကေတာ့ ဒဏ္ရာရတဲ့သူက ရွိတယ္လို႔ပဲေျပာတယ္။”

အလားတူ ဖလမ္းၿမိဳ႕နယ္မွာလည္း စစ္ေကာင္စီတပ္ဖက္က ထိုးစစ္ဆင္လာရာကေန မေန႔က တိုက္ပြဲျဖစ္သြားပါတယ္။ အျပန္အလွန္ပစ္ခတ္မႈမွာ စစ္ေကာင္စီတပ္ဖက္က အေယာက္ ၂၀ အထက္ေသဆံုးခဲ့သလို ထိခိုက္ဒဏ္ရာရွိသူလည္း အမ်ားအျပားရွိတယ္လို႔
Chinland Defense Force အဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ေျပာပါတယ္။ ျပည္သူ႔ကာကြယ္ေရး CNDF ဘက္ကေတာ့ ၄ ဦး က်ဆံုးတယ္လို႔ ဆိုပါတယ္။

“ဖလမ္း CNDF ေပါ့ေနာ္ CNDF ၊ CDF ေပါ့ အဲ့ကေနဆိုရင္ ၄ေယာက္က်သြားတယ္။ ဒီ စစ္ေကာင္စီဘက္ကက်ေတာ့ ၂၀ခန္႔ေပါ့ေနာ္ ဒီအထက္မ်ားရင္လည္း မ်ားတယ္။ က်သြားတာရွိတယ္။ ဖလမ္းကက်ေတာ့ ပစ္တာက ၂၈ ရက္ေန႔ ညကေနစပစ္တယ္။ ဒီဟားခါးက်ေတာ့ ၂၉ မနက္ပိုင္းမွာ စပစ္တာေပါ့ေနာ္ က်ေနာ္တို႔ဘက္က စပစ္တာ။ ဖလမ္းဘက္က (စစ္ေကာင္စီ)သူတို႔ ထိုးစစ္ဆင္လာတာေပါ့။”

ဒီ ပစ္ခတ္မႈေတြအတြင္း ထိခုိက္ ေသဆုံးမႈေတြနဲ႔ပတ္သက္လုိ႔ ဗီြအုိေအက သီးျခား အတည္ျပုလုိ႔ မရေသးပါဘူး။

အခုလုိ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြဖက္က ေျပာတဲ့ ေသဆံုးမႈအေရအတြက္ကို အတည္ျပဳႏိုင္ဖို႔ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ကိုင္ေျဖဆိုျခင္း မရွိပါဘူး။

....................................................................................

တိုက္႐ိုက္ လင့္ခ္


ဟားခါးနဲ့ ဖလမ်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်

(Unicode)

ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မနေ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက်များပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက် ၄ ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို အလိမ္မာပြောပြပါမယ်။

ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မနေ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၄၀ လောက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက် ၄ ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းကို စုစည်းတင်ပြထားပါတယ်။

ချင်းပြည်နယ်၊ ဟားခါးနဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဇွန်လ ၂၉ ရက်
မနေ့ကတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ လောက် သေဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဟားခါးမြို့နယ်မှာရှိတဲ့ ဘွန်ဇွန်းနယ်မြေ ရဲစခန်းကို မနေ့က မနက်အစောပိုင်းမှာ ဟားခါး CDF တပ်ဖွဲ့က သွားရောက် တိုက်ခိုက်ပါတယ်။ ၅ နာရီကျော်အကြာ အပြန်လှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက် အယောက် ၂၀ လောက်သေဆုံးခဲ့ပြီး ဟားခါး CDF ဘက်မှာ တစ်ဦး ဒဏ်ရာရရှိကြောင်း တယ်လို့ ပြောပါတယ်။

“တပ်စခန်းကို ဒီ CDF ဟားခါးဘက်ကနေ ကျနော်တို့သွားပစ်တာပေ့ါ မနက်ပိုင်း ၅ နာရီ ၄၀ ဝန်းကျင်ပစ်ပြီးတော့ ပစ်ချိန်က အရမ်းကိုကြားသွားတယ် ၁၁ နာရီအထိလောက် ပစ်ခတ်မှုရှိတာပေါ့နော်၊ အဲ့မှာဟို (စစ်ကောင်စီတပ်ဖွဲ့) လူဘက်က အယောက် ၂၀ခန့်သေတယ် ပြီးတော့ကျနော်တို့ ဖက်မှာတော့ အသေးစား ဒဏ်ရာတစ်ယောက်ရသွားတယ်။”

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်က ထိခိုက်သူနဲ့ သေဆုံးသူအလောင်တွေကို လာကောက်ယူပြီး အင်အားဖြည့်ဆည်းထားတယ်လို့ ပြောပါတယ်။

စစ်တပ်က အင်အားဖြည့်ထားပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ တိုက်ပွဲတွေကြောင့် မြို့က ထွက်ပြေးသွားကြသူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူတဲ့ လူငယ်နှစ်ယောက်ကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ရဲကင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဟားခါးဒေသခံတစ်ဦးကတော့ အခုလို ပြောပါတယ်။

“ဒီကျနော်တို့ ဟားခါးဟိုဘက် ဟားခါးမြို့နယ်ထဲက ဘွန်ဇွမ်းရဲကင်းစခန်းပေါ့နော် ရွာ ဘွန်ဇွမ်းရဲကင်းစခန်း မနေ့ မနက်က ပစ်ကြတယ်ထင်တယ်။ ထိခိုက်မှုက ၂၀ နီးပါးလောက်သေတယ်လို့ တပ်ဒီရဲကင်းစခန်း တော်တော်ထိတယ်လို့တော့ ပြောတယ်။ ကျနော်လည်း
အတိအကျလို့တော့ မသိပေါ့ဘူး။ CDF ဘက်ကတော့ ဒဏ်ရာရတဲ့သူက ရှိတယ်လို့ပဲပြောတယ်။”

အလားတူ ဖလမ်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖက်က ထိုးစစ်ဆင်လာရာကနေ မနေ့က တိုက်ပွဲဖြစ်သွားပါတယ်။ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖက်က အယောက် ၂၀ အထက်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရှိသူလည်း အများအပြားရှိတယ်လို့
Chinland Defense Force အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေး CNDF ဘက်ကတော့ ၄ ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။

“ဖလမ်း CNDF ပေါ့နော် CNDF ၊ CDF ပေါ့ အဲ့ကနေဆိုရင် ၄ယောက်ကျသွားတယ်။ ဒီ စစ်ကောင်စီဘက်ကကျတော့ ၂၀ခန့်ပေါ့နော် ဒီအထက်များရင်လည်း များတယ်။ ကျသွားတာရှိတယ်။ ဖလမ်းကကျတော့ ပစ်တာက ၂၈ ရက်နေ့ ညကနေစပစ်တယ်။ ဒီဟားခါးကျတော့ ၂၉ မနက်ပိုင်းမှာ စပစ်တာပေါ့နော် ကျနော်တို့ဘက်က စပစ်တာ။ ဖလမ်းဘက်က (စစ်ကောင်စီ)သူတို့ ထိုးစစ်ဆင်လာတာပေါ့။”

ဒီ ပစ်ခတ်မှုတွေအတွင်း ထိခိုက် သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အခုလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖက်က ပြောတဲ့ သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ကိုင်ဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG