သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရီပိုလီမြို့ တိုက်ခိုက်မှုအပြီး ရုန်းရင်းဆန်ခတ်ဖြစ်


ပြည်သူ့စစ်တွေပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။
ပြည်သူ့စစ်တွေပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။
လစ်ဗျားနိုင်ငံ Tripoli မြို့တော်မှာ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကြား စနေနေ့ကထပ်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တာမှာ ၁ ယောက်ထက် မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကိုင်ပြည်သူ့စစ်တွေအပေါ် လူတွေသေဆုံးတဲ့အထိ ကန့်ကွက်ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက တည်ငြိမ်မှုရှိအောင်ဆောင်ရွက်တာ ထောက်ခံတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်သားတွေကြားခုလို ထပ်ဖြစ်တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Ali Zidan က အခြေအနေကို ထိန်းသိမ်းကြဖို့ပန်ကြားရာမှာ ပြည်သူ့စစ်တွေကို မြို့တော်ထဲ မလာကြဖို့ သတိပေးခဲ့ပါတယ်။ Tripoli မြို့ထဲက မဟုတ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေအခြေစိုက်ရာ Gharghour မြို့ အဝင်အထွက်ကို ရဲတွေက ကန့်သတ်ထားပါတယ်။

Tripoli မြို့ထဲက ဆိုင်တော်တော်များများလည်း ပိတ်ထားကြပါတယ်။ မြို့တော်ထဲကနေ ပြည်သူ့စစ်တွေ ထွက်သွားကြဖို့ သောကြာနေ့က
ချီတက်တောင်းဆို ဆန္ဒပြသူတွေကို Misrata မြို့က ပြည်သူ့စစ်တွေက ပစ်ခတ်ခဲ့လို့ ၄၀ ထက်မနည်းသေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူအရေအတွက် ပိုများနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လစ်ဗျားမှာ အင်အားရှိတဲ့ ပြည်သူ့စစ်တွေဟာ ၂၀၁၁ ခုနှစ်တုန်းက အာဏာရှင်ဟောင်း Moammar Gadhafi ကိုဖြုတ်ချဖို့ ဆောင်ရွက်ချိန်ကတည်းက
Tripoli မြို့တော်မှာ ကျန်ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံသစ်မှာ ခုလို အကြမ်းဖက်မှုတွေ မရှိသင့်ဘူးလို့ ပြောပြီး
အခြေအနေတွေကို ထိန်းကြဖို့ အမေရိကန်အစိုးရက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG