သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သင်္ဘောမှောက် ကျောင်းပြန်ဖွင့်


 ဒီနေ့ ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ Ansan မြို့က ကျောင်းမှာ ဝမ်းနည်းကြောင်း သင်္ကေတလေးတွေ ထားထားကြပါတယ်။ (ဧပြီ ၂၄၊ ၂၀၁၄)
ဒီနေ့ ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ Ansan မြို့က ကျောင်းမှာ ဝမ်းနည်းကြောင်း သင်္ကေတလေးတွေ ထားထားကြပါတယ်။ (ဧပြီ ၂၄၊ ၂၀၁၄)
တောင်ကိုရီးယားနိုင်ငံသင်္ဘောမှောက်မှုမှာ ရာနဲ့ချီပါသွားတဲ့
ကျောင်းသူကျောင်းသားတွေ တက်ကြတဲ့ Ansan မြို့က ကျောင်း ဒီကနေ့
ကြာသပတေးနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ စိတ်မကောင်းဖြစ်နေကြတဲ့
ကျောင်းသူ ကျောင်းသားတွေကျောင်းပြန်တက်နေကြပေမဲ့ အထက်တန်း
စာသင်ခန်းတွေထဲက စာသင်ခုံအများအပြားမှာ စာသင်သားတွေ ကင်းမဲ့နေပါတယ်။

လွတ်နေတဲ့ စာသင်ခုံတွေပေါ်မှာ ပန်းစည်းတွေ၊ သတင်းစကားတွေပါးထားတဲ့
စာတိုတွေနဲ့ ပြည့်နေပါတယ်။ ကျောင်းပြန်ဖွင့်တဲ့ အစပိုင်းနေ့တွေမှာတော့
ကြေကွဲဝမ်းနည်းနေကြတဲ့ ကျောင်းသား ကျောင်းသူတွေအတွက်
နှစ်သိမ့်ဆွေးနွေးမှုတွေကို အာရုံစိုက်လုပ်သွားမယ်လို့ ကျောင်း
အာဏာပိုင်တွေက ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့က တိမ်းမှောက်သွားတဲ့ သင်္ဘောမှာ ဒီကနေ့ အတည်ပြုနိုင် သလောက် အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၅၉ ယောက်ရှိ သွားပါပြီ၊ ရေငုပ်သမားတွေက ရေတွေနောက်နေတဲ့ အနောက်တောင်ဖက်
ကမ်းလွန် ပင်လယ်ထဲမှာ မှောက်ခုံ နစ်နေတဲ့ သင်္ဘောထဲမှာ ရှာဖွေကယ်ဆယ်ရေးကို ဆက်လုပ်နေပါတယ်။

နစ်သွားတဲ့ Sewol သင်္ဘောမှာ ခရီးသည် ၄၇၆ ယောက်ပါသွားပြီး
အများစုဟာ Jeju ကျွန်းဆီ လေ့လာရေးခရီးထွက်တဲ့ အထက်တန်းကျောင်းသူ
ကျောင်းသားတွေဖြစ်ကြပါတယ်၊ ၁၇၄ ယောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်၊
သင်္ဘောအမှုထမ်း ၂၉ ယောက်မှာ ၇ ယောက်ပဲ သေဆုံးပြီး မှောက်နေတဲ့ သင်္ဘောကို စွန့်ခွာ ပစ်ထားခဲ့မှုနဲ့ ၁၁ ယောက်ကို ဖမ်းဆီးထားပါတယ်၊ တန်ချိန် ၆၈၀၀လေးတဲ့ ကူးတို့သင်္ဘော ဘာကြောင့် မှောက်ခဲ့သလဲ ဆိုတာ စုံစမ်းစစ်ဆေးသူတွေ မသိကြသေးပါဘူး၊ လေပြင်းတိုက်ခတ်လို့ လှိုင်းကြီးလို့ ဝန်စည်တွေကို သေသေချာချာ မတင်လို့ ကြောင့် ဖြစ်နိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်ပြီး စုံစမ်းနေကြပါတယ်။
XS
SM
MD
LG