သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕ေတာင္အာရွ ေတာျပဳန္းမႈ ပညာရွင္ေတြစိုးရိမ္


FILE - Burnt land is pictured after fires near Banjarmasin in South Kalimantan province, Indonesia, Sept. 29, 2019.

အေရွ႕ေတာင္အာရွရဲ႕ ေတာင္ေပၚ အပူပိုင္းသစ္ေတာေတြမွာ သစ္ပင္ေတြ အလွ်င္အျမန္ ေပ်ာက္ကြယ္ကုန္ၿပီး သဘာဝ ပတ္ဝန္က်င္ ပ်က္စီးကုန္မွာ စိုးရိမ္ေနရေၾကာင္း သုေတသန ပညာရွင္ေတြက ေလ့လာေတြ႕ရွိၾကပါတယ္။

တကမာၻလုံးက အပူပိုင္းသစ္ေတာ အားလုံးရဲ႕ ၁၅ရာခိုင္ႏႈန္းေလာက္ဟာ အေရွ႕ေတာင္အာရွမွာရွိၿပီး သစ္ပင္ေတြ၊ တိရစာၦန္ေတြရဲ႕ ဇီဝမ်ဳိးစုံမ်ဳိးကြဲေတြ ေရရွည္တည္တန္႔ေရးအတြက္ အဓိက အေထာက္ကူေပးေနပါတယ္လို႔လည္းဆိုပါတယ္။ သစ္ပင္ေတြ ကို ရွင္းလင္းပစ္တာဟာ ေဂဟေဗဒစနစ္ကို ဖ်က္ဆီးရာေရာက္တယ္လို႔လည္းေထာက္ျပပါတယ္ ။ အေရွ႕ေတာင္အာရွမွာ တရားမဝင္ သစ္ခုတ္လွဲတာဟာ အဓိက သစ္ေတာျပဳံးတီးရတဲ့ အေၾကာင္းတရားျဖစ္တယ္လို႔လည္းဆိုပါတယ္။

သုေတသန ပညာရွင္ေတြဟာ ၿဂိဳလ္တု႔ဓါတ္ပုံေတြကိုလည္း အသုံးျပဳေလ့လာခဲ့ရာမွာ အေရွ႕ေတာင္အာရွမွာ အႏွစ္၂ဝအတြင္း သစ္ေတာ ဧက၁၅ဝေက်ာ္ ဆုံးရႈံးသြားတာေတြ႕ၾကရပါတယ္။ ၂ဝဝဝခုႏွစ္ တႏွစ္ထဲမွာတင္ ပ်မ္းမွ် ဧက ၅သန္းနီးပါး ဆုံးရႈံးခဲ့ တယ္လို႔ဆိုပါတယ္။ ၂ဝ၁၀ ကေန၂ဝ၁၉ အထိ တႏွစ္ကို ဧက ၁ဝသန္းနီးပါး ဆုံးရႈံးခဲ့တယ္လို႔လည္း ပါရွိပါတယ္။ ထိုင္းႏိုင္ငံ အာရွနည္းပညာ အင္စတီက်ဳ႕က သစ္ပင္ေတြရဲ႕ ကာဘြန္ထိ္မ္းသိမ္းမႈကို ေလ့လာေနတဲ့ Sasaki က က်ေနာ္တို႔အေနနဲ႔ သစ္ပင္ေတြကို ထိ္န္းသိမ္းဖို႔ တာဝန္ရွိပါတယ္။ ဘာေၾကာင့္ဆိုေတာ့ သစ္ပင္ေတြမရွိရင္ က်ေနာ္တို႔ ဘဝ ရပ္တည္လို႔ မရႏိုင္လို႔ပါလို႔ ေျပာပါတယ္။

---------------------------------

တိုက္႐ိုက္ လင့္ခ္


အရှေ့တောင်အာရှ တောပြုန်းမှု ပညာရှင်တွေစိုးရိမ်

အရှေ့တောင်အာရှရဲ့ တောင်ပေါ် အပူပိုင်းသစ်တောတွေမှာ သစ်ပင်တွေ အလျှင်အမြန် ပျောက်ကွယ်ကုန်ပြီး သဘာဝ ပတ်ဝန်ကျင် ပျက်စီးကုန်မှာ စိုးရိမ်နေရကြောင်း သုတေသန ပညာရှင်တွေက လေ့လာတွေ့ရှိကြပါတယ်။

တကမ္ဘာလုံးက အပူပိုင်းသစ်တော အားလုံးရဲ့ ၁၅ရာခိုင်နှုန်းလောက်ဟာ အရှေ့တောင်အာရှမှာရှိပြီး သစ်ပင်တွေ၊ တိရစ္ဆာန်တွေရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ရေရှည်တည်တန့်ရေးအတွက် အဓိက အထောက်ကူပေးနေပါတယ်လို့လည်းဆိုပါတယ်။ သစ်ပင်တွေ ကို ရှင်းလင်းပစ်တာဟာ ဂေဟဗေဒစနစ်ကို ဖျက်ဆီးရာရောက်တယ်လို့လည်းထောက်ပြပါတယ် ။ အရှေ့တောင်အာရှမှာ တရားမဝင် သစ်ခုတ်လှဲတာဟာ အဓိက သစ်တောပြုံးတီးရတဲ့ အကြောင်းတရားဖြစ်တယ်လို့လည်းဆိုပါတယ်။

သုတေသန ပညာရှင်တွေဟာ ဂြိုလ်တု့ဓါတ်ပုံတွေကိုလည်း အသုံးပြုလေ့လာခဲ့ရာမှာ အရှေ့တောင်အာရှမှာ အနှစ်၂ဝအတွင်း သစ်တော ဧက၁၅ဝကျော် ဆုံးရှုံးသွားတာတွေ့ကြရပါတယ်။ ၂ဝဝဝခုနှစ် တနှစ်ထဲမှာတင် ပျမ်းမျှ ဧက ၅သန်းနီးပါး ဆုံးရှုံးခဲ့ တယ်လို့ဆိုပါတယ်။ ၂ဝ၁၀ ကနေ၂ဝ၁၉ အထိ တနှစ်ကို ဧက ၁ဝသန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့လည်း ပါရှိပါတယ်။ ထိုင်းနိုင်ငံ အာရှနည်းပညာ အင်စတီကျု့က သစ်ပင်တွေရဲ့ ကာဘွန်ထိမ်းသိမ်းမှုကို လေ့လာနေတဲ့ Sasaki က ကျနော်တို့အနေနဲ့ သစ်ပင်တွေကို ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဘာကြောင့်ဆိုတော့ သစ်ပင်တွေမရှိရင် ကျနော်တို့ ဘဝ ရပ်တည်လို့ မရနိုင်လို့ပါလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG