သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ကုလအစီရင်ခံစာ ထုတ်ပြန်


ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC ညီလာခံမြင်ကွင်း၊ ပီရူး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Manuel Pulgar ၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲမှယာ)
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC ညီလာခံမြင်ကွင်း၊ ပီရူး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Manuel Pulgar ၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲမှယာ)

ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားမယ့် အဆိုးဝါးဆုံးအန္တရာယ်ကြီးတွေနဲ့ ရင်မဆိုင်ရစေဖို့ သက္ကရာဇ် ၂၁၀၀ မှာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလုံးဝမရှိအောင် လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC ရဲ့ ဒိန်းမတ်နိုင်ငံ Copenhagen က ညီလာခံအပြီး တနင်္ဂနွေနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြီး အခုလို ပြောဆိုလိုက်တာပါ။ ဒါဟာ လွန်ခဲ့တဲ့ ၁၃ လအတွင်း ပညာရှင် ၈၀၀ ကျော်ရဲ့ သုတေသန လုပ်ဆောင်ချက် တွေကနေ ရရှိခဲ့တဲ့ ကမ္ဘာကြီးပူနွေးမှုဆိုင်ရာ တွေ့ရှိခဲ့တဲ့ အချက်အလက်တွေပေါ်အခြေခံပြီး ပြောဆိုတာလည်းဖြစ်ပါတယ်။

အခုလို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်နေမှုတွေကို လျှော့ချဖို့ မကန့်သတ်ဘူးဆိုရင် ကမ္ဘာ့မြေ မျက်နှာပြင်အပူချိန်ကို အရင် စက်မှုလက်မှုခေတ် မတိုင်ခင်ကထက် ပျမ်းမျှ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် လောက် ရှိအောင် လျှော့ချဖို့ လုပ်ဆောင်နေမှုတွေဟာ အောင်မြင်နိုင်မှာ မဟုတ်ဖူးလို့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

ဒါ့အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးဒုက္ခတွေ အခုထက် ပိုဆိုးလာနိုင်ပြီး လူသားတွေအတွက်ရော ဂေဟစံနစ်တွေပါ ပြန်ပြုပြင်လို့ မရနိုင်လောက်အောင် ပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ကြုံရနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ ကမ္ဘာ့လေထုနဲ့ သမုဒ္ဒရာတွေ ပိုပူနွေးလာသလို နှင်းထုနဲ့ရေခဲပြင်တွေပါ ပျောက်ကွယ်ကုန်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတွေနဲ့အတူ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်နှုန်းကလည်း လွန်ခဲ့တဲ့နှစ် (၈) သိန်းလောက်တုန်းကထက် ပိုတိုးလာတာတွေ့ရတယ်လို့လည်း IPCC အလုပ်အဖွဲ့က ပြောပါတယ်။ အခုလို ရာသီဥတု ဖောက်ပြန်မှုမှာ လူသားတွေရဲ့ လုပ်ဆောင်မှု ပိုများလေလေ အခြေအနေပိုဆိုးဝါးလေလေ ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG