သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝ ဘေးအန္တရာယ် အဆုံးဆိုး ကြုံရမှု နိုင်ငံ စာရင်း မြန်မာ ပါဝင်


မြန်မာနိုင်ငံတွင်း မကြုံစဖူးရေလွှမ်းမိုးမှုများဖြစ်။
မြန်မာနိုင်ငံတွင်း မကြုံစဖူးရေလွှမ်းမိုးမှုများဖြစ်။

ကမ္ဘာပေါ်က သဘာဝဘေးအန္တရာယ် အဆိုးဆုံးကြုံရတဲ့ နိုင်ငံတွေရဲ့ စာရင်းထဲ မှာ မြန်မာနိုင်ငံ လည်း ပါဝင်တယ်လို့ ကြာသာပတေးနေ့က ထုတ်ပြန် လိုက်တဲ့ ရာသီဥတု လေ့လာစောင့်ကြည့်သူတွေရဲ့ အစီရင်ခံစာ မှာဖော်ပြ ထားပါတယ်။ ကမ္ဘာ့ကြီး ပူနွေးလာမှုကို မထိန်းချုပ်နိုင်ဘူး ဆိုရင် မြန်မာနိုင်ငံ အပါအဝင် ဟွန်ဒူးရပ်စ်၊ နဲ့ ဟေတီနိုင်ငံတွေက သဘာဝဘေးအန္တရာယ်တွေ ကို မကြာခဏပိုပြီး ရင်ဆိုင်လာရဖွယ်ရှိတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီနိုင်ငံတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း သဘာဝဘေးဒဏ်တွေ အဆိုးဆုံး ခံရတဲ့နိုင်ငံတွေဖြစ်ပြီး၊ ရေကြီးတာ၊ မြေပြိုတာတွေကြောင့် လူ ၅ သိန်းလောက် သေဆုံးခဲ့ပါတယ်။

အထူးသဖြင့် ကာဗွန်လောင်စာကနေ ထွက်ရှိတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့လျှော့ချ တာတွေကို မလုပ်နိုင်ဘူးဆိုရင် မုန်တိုင်းတွေ၊ ရေကြီးတာတွေ၊ မိုးခေါင်တာတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေ တိုးလာဖို့ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။

၁၉၉၅ နဲ့ ၂၀၁၄ ခုနှစ်အတွင်း ဟွန်ဒူးရပ်စ်၊ မြန်မာ နဲ့ ဟေတီနိုင်ငံတွေဟာ အဲဒီလို သဘာဝဘေးအန္တရာယ်တွေကို အဆိုးဆုံးခံခဲ့ရတဲ့နိုင်ငံတွေဖြစ်တယ်လို့ ၂၀၁၆ ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုဘေးအန္တရာယ်ကို ဖော်ပြတဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

အဲဒီနိုင်ငံတွေဟာ အလွန်အမင်းဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို တိုက်ရိုက်ခံနေရတာဖြစ်တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။ အဲဒီနောက်မှာတော့ ဖိလစ်ပိုင်၊ နီကာရာဂွား၊ ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ်၊ ပါကစ္စတန် ၊ ထိုင်း နဲ့ ဂွါတီမာလာနိုင်ငံတွေဟာ ဒုတိယအဆိုးဆုံး စာရင်းထဲမှာပါဝင်ပါတယ်။

XS
SM
MD
LG