သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူတို့လုပ်ရပ်ကြောင့် ကမ္ဘာကြီး ပူနွေးလာ


ရုပ်ကြွင်းလောင်စာတွေကို လျှော့ချတာမျိုး မလုပ်ခဲ့နိုင်ဘူးဆိုရင် ၂၁၀၀ ပြည့်နှစ်မှာ ပင်လယ်ရေပြင်ဟာ တစ်မီတာကျော်ပြီး မြင့်တက်လာနိုင် တယ်လို့ သတိပေးထားကြပါတယ်။

ဒီတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ နွေရာသီတုန်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု အပြောင်းအလဲဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲမှာ အစီရင်ခံခဲ့တာဖြစ်ပြီး ဒါကို ထောက်ခံလက်မှတ်ထိုးဖို့ လူတွေဆီကို ပို့ပေးရာက ပေါက်ကြားလာတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အပြင်းထန်ဆုံး ပြောကြားထားကြတဲ့ အချက်ကတော့ ၁၉၅၁ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်ထိ မြင့်တက်လာတဲ့ ကမ္ဘာ့မျက်နှာပြင် အပူချိန်ရဲ့ တဝက်ကျော်ဟာ လူတွေရဲ့ လုပ်ရပ်ကြောင့် ရာသီဥတုအပေါ် သြဇာသက်ရောက်ခဲ့လို့ ဖြစ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီအစီရင်ခံစာရဲ့ တွေ့ရှိချက်ကို စက်တင်ဘာလကုန် စတော့ဟုမ်းမြို့မှာ အစိုးရတွေ၊ သိပ္ပံပညာရှင်တွေ ဆွေးနွေးပြီး ထုတ်ပြန်မယ်လို့ ဆွေးနွေးပွဲ ရဲ့ ပြောခွင့်ရတဦးက ဆိုပါတယ်။
XS
SM
MD
LG