သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွန်ခဲ့တဲ့ ဆယ်စုနှစ် ကမ္ဘာ့အပူဆုံးအဖြစ် စံချိန်တင်


ကမ္ဘာတလွှားအတွက် ဆယ့်ရှစ်ရာစုနှစ် အလယ်လောက်ကစပြီး အပူချိန်ကို မှတ်တမ်းတင် ခဲ့ရာမှာ၊ အခု နှစ်ဆယ်ရာစုနှစ်ထဲက ပထမ ဆယ်စုနှစ်ကုန်ပိုင်း ကာလဟာ အပူနွေးဆုံးအဖြစ် စံချိန်တင်ခဲ့တယ်လို့ ကုသသမဂ္ဂက ပြောပါတယ်။

၂၀၀၈ ခုနှစ်ထဲမှာဆိုရင် အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်းမှာ လူအသေအပျောက် အများဆုံးလို့ စံချိန်တင်ရတဲ့ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဟာ မေလအစော ပိုင်းမှာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာမို့ လူပေါင်း ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးပျောက်ဆုံးခဲ့ရသလို လူပေါင်း ၈ သန်းကို ဒုက္ခရောက်စေပြီး အိုးအိမ် ထောင်ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျနီဗာအခြေစိုက် WMO လို့ခေါ်တဲ့ ကမ္ဘာ့ မိုးလေဝဿအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာပဲ ဒီဆယ်စုနှစ်အတွင်းမှာဆိုရင် ၂၀၀၈ ခုနှစ်ကလွဲလို့ ကျန်နှစ်တွေဟာ အပူဆုံး ဆယ်နှစ်ထဲစာရင်းမှာ ဝင်နေတယ်လို့ ဖော်ပြထားပြီး ၂၀၁၀ ကို အပူဆုံးနှစ်အဖြစ် စံတင်ထားပါတယ်။

WMO က သူတို့တိုင်းထွာရရှိတဲ့ အပူချိန်၊ မိုးရေချိန်ပမာဏတွေနဲ့ အတူ ကမ္ဘာတဝှမ်းက ဆိုးဝါးတဲ့ သဘာဝဒဏ်ခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဟာရီကိန်းလေမုန်တိုင်းတွေ၊ ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကို ဖော်ပြထားပြီး ၂၀၁၀ ဆယ်စုနှစ်ကုန်ပိုင်းကို စိုထိုင်းဆ အများဆုံး နှစ်တွေအဖြစ်လည်း စစ်တမ်းထုတ်ခဲ့ပါတယ်။

တချို့ဒေသတွေမှာ တွေ့ရတဲ့ ပြင်းထန်တဲ့ ရာသီဥတု ရိုက်ခတ်မှုတွေဟာ သဘာဝ အခြေအနေ အပြောင်းအလဲတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝှမ်း ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကိုခံနေရတာဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု များလာတာကြောင့်ဖြစ်ပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်ကိုရော သမုဒ္ဒရာတွေအတွက်ပါ ဆိုးရွားတဲ့ အနေထားတွေကို ဖြစ်စေတယ်လို့ WMO ရဲ့ အထွေထွေ အတွင်းရေးမှူး Michel Jarraud ကပြောပါတယ်။
XS
SM
MD
LG