သုံးရလွယ်ကူစေသည့် Link များ

ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချရေး ကမ္ဘာ့နိုင်ငံတွေ သဘောတူ

  • ဗွီအိုအေ (မြန်မာဌာန)

ရ၀မ်ဒါနိုင်ငံ ကာဂါလီမြို့မှာ ကျင်းပတဲ့ ရာသီဥတုဆိုင်ရာညီလာခံ

ဖန်လုံအိမ်ဓါတ်ငွေ့တွေကို လျှော့ချဖို့ သမိုင်းဝင်သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံ ၂၀၀ နီးပါးလောက်က ရ၀မ်ဒါနိုင်ငံ ကာဂါလီမြို့မှာ ကျင်းပတဲ့ ရာသီဥတုဆိုင်ရာညီလာခံမှာ သဘောတူလိုက်ကြပြီဖြစ်ပါတယ်။

ရေခဲသေတ္တာနဲ့ လေအေးပေးစက်တွေမှာ အသုံးပြုတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေကို လျှော့ချဖို့ သမိုင်းဝင်သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံ ၂၀၀ နီးပါးလောက်က သဘောတူလိုက်ကြပြီဖြစ်ပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်တဲ့နေရာမှာ အဓိကခြေလှမ်းဖြစ်ပါတယ်။ရ၀မ်ဒါနိုင်ငံ ကာဂါလီမြို့မှာကျင်းပနေတဲ့ ရာသီဥတုဆိုင်ရာညီလာခံအတွင်း စနေနေ့က ဒီသဘောတူညီချက်ကို ကြေညာလိုက်တာဖြစ်ပါတယ်။ နိုင်ငံ ၁၉၇ နိုင်ငံက အစိုးရတွေက ဒီသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ဒါဟာ သမိုင်းဝင်ခြေလှမ်းတရပ် ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

အိုဇုန်းလွှာပါးစေတဲ့ ဓါတုပစ္စည်းတွေကို အစားထိုးဖို့အတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလတွေအတွင်း HFC လို့ခေါ်တဲ့ စက်ရုံတွေကထုတ်တဲ့ ဟိုက်ဒရိုဖလိုရိုကာဗွန်ဓါတ်ငွေ့တွေ နဲ့ အစားထိုးခဲ့ပေမယ့် အဲဒီ HFC က ကို ဖြစ်စေခဲ့တာဖြစ်ပါတယ်။

HFC ကို ၂၀၃၅ မှာ ၈၅% လျှော့ချဖို့ရည်ရွယ်
HFC ကို ၂၀၃၅ မှာ ၈၅% လျှော့ချဖို့ရည်ရွယ်

တရုတ်နဲ့ အိန္ဒိယလို ထွန်းသစ်ဆနိုင်ငံတွေမှာ ရေခဲသေတ္တာ နဲ့ လေအေးပေးစက်တွေ ရောင်းချမှု တဟုန်ထိုးမြင့်တက်ခဲ့ပြီးတဲ့နောက် ကမ္ဘာကြီး ပူနွေးမှုကိုဖြစ်စေတဲ့ HFC ဓါတ်ငွေ့အန္တရာယ်က တဟုန်ထိုးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ Berkeley အမျိုးသားဓါတ်ခွဲစမ်းသပ်ခန်းရဲ့ အဆိုအရတော့ လေအေးပေးစက်တွေက HFC ဓါတ်ငွေ့တွေ အများဆုံးထုတ်လုပ်တာဖြစ်ပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာ လေအေးပေးစက် နောက်ထပ် သန်း ၇၀၀ လောက် အသုံးပြုသွားဖို့ရှိတယ်လို့ ခန့်မှန်းပါတယ်။

HFC ဓါတ်ငွေ့ကို ဘယ်အချိန်မှာ စတင်ပြီး လျှော့ချမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီစာချုပ်မှာ သဘောတူခဲ့တဲ့နိုင်ငံတွေကို အစု ၃ စုခွဲခဲ့ပါတယ်။ အမေရိကန် နဲ့ ဥရောပနိုင်ငံအများစုကတော့ ၂၀၁၉ မှာ ၁၀ % စတင်လျှော့ချပြီး ၂၀၃၆ ခုနှစ်မှာ ၈၅ % လျှော့ချဖို့ သဘောတူခဲ့ပါတယ်။

XS
SM
MD
LG