သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ်ဒေသ အမေရိကန်ဆက်ဦးဆောင်ဖို့ ကြိုးစား


လာမယ့်သီတင်းပတ်ထဲ အမေရိကန်သမ္မတ Barack Obama ရဲ့ မြန်မာခရီးစဉ်မစခင်မှာ အာရှပစိဖိတ်ဒေသထဲမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိကကျတဲ့ အခန်းကဆက်ပြီး ပါဝင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton ကပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့က Australia နိုင်ငံ Perth မြို့မှာ ဝန်ကြီးချုပ် Julia Gillard နဲ့ ဒေသတွင်း အကြောင်းအရာတွေ ကို ဆွေးနွေးကြစဉ်မှာ ခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ရေပြင်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ အဓိက ဗဟိုအချက်အခြာဖြစ်လာပြီး ဒီဒေသအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးချဲ့ရာမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်တယ်လို့ ဝန်ကြီး Clinton ကပြောဆိုလိုက်ပါတယ်။

အာရှပစိဖိတ် ဒေသအတွက် အမေရိကန် စစ်တပ်ရဲ့ စိတ်ပိုင်းဖြတ်ထားမှုကိုလည်း သူကပြောဆိုခဲ့ ပါတယ်။ အာရှတိုက်မှာ စစ်ရေးချိန်ခွင်လျှာညီမျှဖို့ အမေရိကန်စစ်တပ်က ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောဆိုထားခဲ့ပြီးနောက် အခု ထိပ်သီးတွေ့ဆုံမှုဟာ ပထမအကြိမ်ဖြစ်ပြီး ဒီအစီအစဉ်အရ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင် ၂,၅၀၀ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်ဖို့ ရှိပါတယ်။
XS
SM
MD
LG