အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့ အတွက် အာရှပစိဖိတ်ဒေသကို နောက်လာမယ့် သီတင်းပတ်မှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဝန်ကြီးကလင်တန်ဟာ ထိုင်းနိုင်ငံမှာ သမ္မတ ဘရက်အိုဘားမားနဲ့ အတူမဆုံခင် သြစတေးလျနဲ့ စင်္ကာပူနိုင်ငံတွေကို အရင်သွားမှာ ဖြစ်တဲ့အကြောင်း သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။ အဲဒီနောက် သမ္မတ ဘရက်အိုဘားမားနဲ့ အတူ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
သြစတေးလျနိုင်ငံမှာ မစ္စကလင်တန်ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တ နဲ့ အတူ ဒေသတွင်း လုံခြုံရေးနဲ့ ကမ္ဘာတဝှမ်းက အခြေအနေတွေကို သြစတေးလျ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
အာရှပစိဖိတ်ဒေသအတွင်း အမေရိကန်ရဲ့ တပ်ဖွဲ့တွေ တိုးချဲ့တပ်စွဲရေး အစီအစဉ်အရ ပထမဦးဆုံး အမေရိကန် မရိန်းတပ်ဖွဲ့တွေဟာ သြစတေးလျ နိုင်ငံကို လာမယ့် ဧပြီလမှာ ရောက်ရှိလာတော့မှာပါ။ ဒီလိုတပ်စွဲဖို့အတွက် အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလတ်တို့ ၂၀၁၁ ခုနှစ်အတွင်း သဘောတူညီခဲ့တာ ဖြစ်ပါတယ်။