သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန် ဆေးရုံကဆင်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဦးခေါင်းမှာ သွေးခဲတဲ့ ဝေဒနာကို ကုသမှုခံယူနေတဲ့ နယူးယောက် ဆေးရုံက ဆင်းသွားပါပြီ။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာပဲ နယူးယောက် Presbyterian ဆေးရုံကနေ ခင်ပွန်းသည် သမ္မတဟောင်း ဘေလ် ကလင်တန်၊ သမီး ချယ်လ်ဆီးတို့နဲ့အတူ ထွက်ခွာခဲ့တာပါ။

ဝန်ကြီးကလင်တန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေကတော့ ဘက်ပေါင်းစုံက တိုးတက်မှုတွေ ရှိနေပြီဖြစ်တဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။ ဝန်ကြီးကလင်တန်အနေနဲ့ အပြည့်အ၀ ပြန်လည် နာလန်ထူလာမယ်လို့ ယုံကြည်ကြောင်းလည်း ဆရာဝန်တွေက ပြောခဲ့ကြတာပါ။

နေ့လည်ပိုင်းမှာတုန်းကတော့ သူမရှိစဉ် နိုင်ငံခြားရေးရာကိစ္စတွေမှာ တာဝန်ယူဆောင်ရွက်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ ဝန်ကြီးကလင်တန် တယ်လီဖုန်းကတဆင့် အလုပ်ကိစ္စတွေကို ပြောဆိုခဲ့ပါသေး တယ်။ ဒါပေမဲ့လည်း ဘယ်အချိန်မှာ ရုံးပြန်တက်ပြီး အလုပ်လုပ်မလဲ ဆိုတာကိုတော့ တရားဝင် ကြေညာချက် မှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒီဇင်ဘာလယ်မှာတုန်းက အစာအိမ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်တဲ့ ရောဂါကြောင့် ရုတ်တရက်မူးလဲရာက ဦးခေါင်းမှာ ဒဏ်ရာရခဲ့ပြီး သွေးခဲတဲ့ဝေဒနာ ခံစားရတဲ့အတွက် တနင်္ဂနွေနေ့မှာပဲ ဝန်ကြီးကလင်တန်ကို ဆေးရုံတင်ထားရ တာပါ။ ဒီနောက် ပြီးခဲ့တဲ့လနှောင်းပိုင်းကစလို့ အသက် ၆၅ နှစ်အရွယ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို လူမြင်ကွင်းမှာ မတွေ့ရဘဲ ပျောက်ကွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG