သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းတို့ သိအပ်တဲ့ အမျိုးသား လုံခြုံရေးကိစ္စ Hillary Clinton ကြားနာ


ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton (August 2016) Philadelphia
ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton (August 2016) Philadelphia

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း အတင်သွင်းခံခဲ့ရတဲ့ Hillary Clinton ဟာ စနေနေ့မှာ အမျိုးသားလုံခြုံရေး နဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ပထမဆုံး အဖြစ် ကြားနာခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ ပြည်တွင်းနဲ့ ပြည်ပဆိုင်ရာ ကမ္ဘာတဝှမ်း က ခြိမ်းခြောက်မှုတွေနဲ့ ပါတ်သက်တဲ့ အဓီက အကြောင်းအရာ တွေကို ခြုံငုံ ပြော ကြားခဲ့တဲ့ နေရာဟာ သူမနေထိုင်ရာ နယူးရောက်မြို့ရဲ့ မြို့ပြင်မှာ ရှိတဲ့ FBI ရုံးမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေအရ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရသူတွေနဲ့ သူတို့ရဲ့ အနီးကပ် အကြံပေးတွေကို အမျိုးသား ထောက် လှမ်းရေး အကြီးအကဲရုံးကနေ လုံခြုံရေးဆိုင်ရာ ကန့်သတ်အချက်အလက်တွေ အသိပေး ပြောကြားရတာ ဖြစ်ပါတယ်။ ဒါမှသာ သမ္မတတာဝန်ယူတဲ့ အချိန်မှာ ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

Clinton ရဲ့ ပြိုင်ဘက် ရီပါတ်ဘလစ်ကင် ပါတီက သမ္မတလောင်း Donald Trump ဟာလည်း အလားတူ လုံခြုံရေးအသိပေးမှုကို ဒီလအစောပိုင်းမှာ ခံယူခဲ့ရပြီး ဒါဟာ ၂ နာရီကျော် ကြာမြင့်ခဲ့တာပါ။ FBI ရုံးမှာ အခု မစ္စက် ကလင်တန် နာယူခဲ့ရာမှာ လည်း ၂ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ AP သတင်းမှာ ဖေါ်ပြထားပါတယ်။

သမ္မတလောင်းတွေကို အခုလို အမျိုးသား ထောက်လှန်းရေး ရုံး တာဝန်ရှိသူတွေက လုံခြုံရေး ဆိုင်ရာ တင်ပြမှုတွေ ပုံမှန်လုပ်လာတာဟာ အခုဆို နှစ်ပေါင်း ၆၀ လောက် ရှိနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG