သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် အီဂျစ်ရောက်

အီဂျစ်နိုင်ငံက နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေကို သမ္မတ မိုဟာမက် မော်စီအပြင် တခြားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ဟာ အီဂျစ်မှာ ရောက်ရှိနေပါတယ်။

စနေနေ့မှာ ကိုရို (Cairo) မြို့တော်ကို ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်းမှာ အလက်ဇန်းဒရီးယား (Alexandria) အမေရိကန် ကောင်စစ်ဝန်ရုံး တရုံးကို ဖွင့်လှစ်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်နဲ့အတူ ခရီးစဉ်မှာ ပါသွားတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

အီဂျစ်နိုင်ငံရေး အသွင်ကူပြောင်းမှု အတွက် သမ္မတ မော်စီရဲ့ အစီအစဉ်တွေက ဘာတွေလဲ ဆိုတာနဲ့ အီဂျစ်အစိုးရသစ်ကို အမေရိကန်က ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ဝန်ကြီး ကလင်တန် သိဖို့ စိတ်အားထက်သန် နေတယ်လို့ နိုင်ငံခြားရေးရုံး အကြီးတန်း အရာရှိတယောက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

This item is part of
XS
SM
MD
LG