သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်အီးမေးလ်ကိစ္စ FBI အကြံပြုချက် လွှတ်တော်မေးခွန်းထုတ်


ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Hillary Clinton ကို သူမ နိုင်ငံခြားရေး တာဝန်ယူထားစဉ် အလုပ်အီးမေးလ်တွေကို သူ့ရဲ့ ပုဂ္ဂိုလ်ရေးသုံးတဲ့ Email server နဲ့ အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ ရာဇဝတ်မှုနဲ့ တရားစွဲစရာ မလိုဘူးလို့ ပြောကြားလိုက်တဲ့ FBI ဗဟိုအစိုးရစုံစမ်းရေးဗြူရို အကြီးအကဲ James Comey ကို ဒေါသထွက်နေကြတဲ့ ရီပတ်ဘလီကန်အမတ်တွေက ကြာသပတေးနေ့မှာ အောက်လွှတ်တော်မှာ ခေါ်ယူ မေးမြန်းဖို့ စီစဉ်ထားပါတယ်။

အောက်လွှတ်တော် ကြီးကြပ်ကွပ်ကဲရေးနဲ့ အစိုးရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကော်မတီရှေ့မှာ ထွက်ဆိုဖို့ Comey ကို ဆင့်ခေါ်ထားပြီး နိုင်ငံတော် ရှေ့နေချုပ် Loretta Lynch ဟာလည်း ရှေ့သီတင်းပတ်အတွင်း အောက်လွှတ်တော် ဥပဒေရေးရာ ကော်မတီရှေ့မှာ ထွက်ဆိုဖို့ အစီအစဉ် ရှိနေပါတယ်။

လွှတ်တော်မှာ Comey မထွက်ဆိုခင် Lynch နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။ Lynch ကတော့ FBI က တင်ပြလာတဲ့ အကြံပြုချက်ကို လက်ခံသွားမယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း Clinton အပေါ် စုံစမ်း စစ်ဆေးတဲ့နေရာမှာ FBI က အထူးအခွင့်အရေးပေး ဆက်ဆံခံခဲ့ရပုံရကြောင်း ရီပတ်ဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အင်္ဂါနေ့က အဲဒီ အကြံပြုချက်ကို Comey က ကြေညာအပြီးမှာ သူ့အနေနဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ဘာကြောင့်၊ ဘယ်လို ချခဲ့တယ်ဆိုတာကို ရီပတ်ဘလီကန်တွေ သိရှိခွင့် ရသင့်ကြောင်း Ryan က ပြောပါတယ်။

Clinton အနေနဲ့ အစိုးရရဲ့ မပေါက်ကြားသင့်တဲ့ အချက်အလက်တွေကို ကိုင်တွယ်ရာမှာ ပေါ့ဆလွန်းတဲ့အကြောင်း Comey က ဝေဖန်ခဲ့တဲ့အချက်ကို ထောက်ရှုပြီး သမ္မတကိုယ်စားလှယ်လောင်း တဦးအနေနဲ့ Clinton ဟာ နိုင်ငံရဲ့ လျှို့ဝှက် အစီရင်ခံချက်တွေအကြောင်း သိရှိပိုင်ခွင့် ရှိမရှိကိုလည်း Ryan က မေးခွန်းထုတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG