သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတရွေးကောက်ပွဲ စစ်တမ်း Hillary အသာရ


ကလင်တန် စည်းရုံးရေးခရီး (သြဂုတ် ၃၊ ၂၀၁၆)
ကလင်တန် စည်းရုံးရေးခရီး (သြဂုတ် ၃၊ ၂၀၁၆)

လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် စစ်တမ်းတွေကောက်ယူနေရာမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton က ရီပတ်ဘလစ်ကင်ပါတီ သမ္မတလောင်း Donald Trump ထက် အသာစီးရနေတာကို တွေ့နေရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ယှဉ်ပြိုင်ပွဲဆိုတဲ့ အမည်ခံယုံလောက်သာရှိပြီး လူထုကတိုက်ရိုက် မဲပေးရွေးချယ်တဲ့ စနစ်နဲ့ ဆုံးဖြတ်တာမျိုးမဟုတ်ပါဘူး။

နောက်ဆုံးထွက်လာတဲ့ အဆုံးဖြတ် ဟာ ပြည်နယ်ပေါင်း ၅၀ ကနေ ရရှိတဲ့ ရွေးချယ်တင်မြောက်မှုအဖွဲ့ရဲ့ မဲအရေတွက်ပေါ်မှာ မူတည်ဆုံးဖြတ်ပါတယ်။ ဒါကလည်း ပြည်နယ်တခုချင်းစီက လူဦးရေ၊ အောက်လွှတ်တော် ကိုယ်စားပြုမှု စတာတွေအပေါ် မှီတည်နေတာပါ။

ဒီမိုကရက် ပါတီရဲ့ သမ္မတလောင်း Hillary Clinton ကော ရီပတ်ဘလစ်ကင် သမ္မတလောင်း Donald Trump တို့ဟာ လေးနှစ်ကာလ သက်တမ်း သမ္မတတာဝန်ထမ်းဆောင်ခွင့်ရဖို့အတွက် ရွေးချယ်တင်မြှောက်မှုအဖွဲ့ရဲ့ မဲ စုစုပေါင်း ၅၃၈ အနက် အများစုဖြစ်တဲ့ ၂၇၀ ရရှိနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အခုနောက်ဆုံး ကြာသပတေးနေ့မှာ ကောက်ယူတဲ့ ပြင်ပ စစ်တမ်းတွေအရ Hillary က တကယ်အရေးပါလှတဲ့ ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ Mr. Trump ရဲ့ အထက်ကနေ ဦးဆောင်နေပါတယ်။ တခြားကြိုတင် ခန့်မှန်းချက်တွေမှာလည်း အရေးသာနေတာကို တွေ့နေရပေမဲ့ အများစုဖြစ်တဲ့ ရွေးချယ်တင်မြောက်မှုအဖွဲ့ မဲပေါင်း ၂၇၀ အထိတော့ မရောက်သေးပါဘူး။ သူတို့အနေနဲ့ ဘယ်ပါတီကိုမှ ပြတ်ပြတ်သားသား ထောက်ခံမှု မပေးတဲ့ ပြည်နယ်တွေမှာ အနိုင်ရရှိရေး ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး အကဲခတ် တဦး ဖြစ်တဲ့ Amy Walter က Hillary Clinton ကို လူကြိုက်ပိုမိုများနေတာ သိသာနေပါတယ်။ Clinton အနေနဲ့ Trump ထက် အလားအလာပိုကောင်းပြီး လိုအပ်တဲ့ မဲ ၂၇၀ ထက် ကျော်ရ သွားနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲက မပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ မဲစစ်တမ်းတွေအရ Hillary က Michigan ပြည်နယ်မှာ ၉ မှတ်၊ New Hampshire မှာ ၁၅ မှတ်၊ Pennsylvania မှာ ၁၁ မှတ် နဲ့ Florida ပြည်နယ်မှာ ၆ မှတ် အသာရနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG