သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

​၀န်ကြီးဟောင်း ကလင်တန် အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦး သမ္မတရဲ့ Medal of Honor ဂုဏ်ထူးဆောင်ဆု ရရှိ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန်အား သမ္မတဂျိုးဘိုင်ဒန်က Presidential Medal of Freedom ဆု ချီးမြှင့်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန်အား သမ္မတဂျိုးဘိုင်ဒန်က Presidential Medal of Freedom ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စုမှာ အရပ်သားတွေကိုပေးတဲ့ အဆင့်အမြင့်ဆုံးဆုဖြစ်တဲ့ Presidential Medal of Freedom သမ္မတရဲ့ လွတ်လပ်မှုဆုကို လူ ၁၉ ဦးကို သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ မနေ့စနေနေ့က ချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံရေး၊ နိုင်ငံသားအခွင့်အရေး၊ အားကစား၊ ယဉ်ကျေးမှု၊ အနုပညာ သိပ္ပံစတဲ့ကဏ္ဍအသီးသီးက ထူးချွန်တဲ့သူတွေကို ချီးမြင့်တဲ့ ဒီဆုကို ဒီနှစ်ဆုရတဲ့သူတွေထဲမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန်၊ သူဌေးကြီး George Soros တို့လည်း ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန်ကို ဒီဆုချီးမြှင့်တဲ့အချိန်မှာတော့ အခမ်းအနားကို တက်ရောက်လာတဲ့ ပရိသတ်တွေက မတ်တပ်ရပ်ပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။ နိုင်ငံခြားဝန်ကြီးဟောင်း ဟီလရီကလင်တန်နဲ့အတူ သူရဲ့ခင်ပွန်းဖြစ်တဲ့ သမ္မတဟောင်း Bill Clinton သမီးဖြစ်သူ Chelsea Clinton နဲ့ မြေးတွေလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ ဒီဆုကိုနောက်ထပ်ရရှိတဲ့သူတွေထဲမှာတော့ အမေရိကန်က နာမည်ကြီးဘတ်စကတ်ဘော ကစားသမားဟောင်း မက်ဂျစ်ဂျွန်ဆင် ကမ္ဘာကျော် ဘောလုံးသမား လီယိုနယ်မက်ဆီ၊ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား Denzel Washington နဲ့ Michael J Fox, U2 တေးဂီတအဖွဲ့ခေါင်းဆောင် Bono၊ ဖက်ရှင်ဒီဇိုင်းနာ Ralph Lauren ၊ အမေရိကန်ရဲ့ကွန်ပျူတာဆော့ဖ်ဝဲပညာရှင်လည်းဖြစ် လိင်တူစုံမက်သူအခွင့်အရေးလှုပ်ရှားသူ Tim Gill, World Central Kitchen ပရဟိတအဖွဲ့က နာမည်ကြီး စားဖိုမှူး Jose Andres စတဲ့ သူတွေလည်းပါဝင်ခဲ့ပြီး ကမ္ဘာကျော်ဘောလုံးသမား မက်ဆီကတော့ မူလအစီအစဉ်တခုကြောင့် ဒီအခမ်းအနားကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ကွယ်လွန်ပြီးသွားတဲ့သူတွေထဲကတော့‌ အမေရိကန်ရှေ့နေချုပ်ဟောင်း Robert Kennedy, မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း George W Romney, အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း Ash Carter နဲ့ Mississippi Freedom Democratic Party တည်ထောင်သူ Fannie Lou Hamer တို့လည်း ဒီနှစ်မှာ ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၀၀ ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံက အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီဆုကိုရရှိခဲ့ပါတယ်။

Forum

XS
SM
MD
LG