သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီ


ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton

နမိုးနီးယား အဆုပ်ရောင်ရောဂါ ဖြစ်နေတဲ့အတွက် နယူးယောက်က အိမ်မှာ အနားယူနေတဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton က သူ့ကျန်းမာရေး ကောင်းမွန်လာနေကြောင်းနဲ့ သက်သာလာပြီဖြစ်ကြောင်း ပြောပါတယ်။

နေထိုင်မကောင်းလို့ အိမ်မှာနားနေရာက အလုပ်ကို သတိရနေတဲ့ တခြား သူတွေနည်းတူ သူမအနေနဲ့လည်း အပြင်ထွက်ပြီး လုပ်စရာရှိတာတွေကို လုပ်လိုတဲ့ ဆန္ဒ ပြင်းပြနေကြောင်းနဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ မကြာခင်တွေ့ကြရအောင်လို့ Tweeter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။သူမအတွက် ဆုတောင်းပေးကြသူတွေကို ကျေးဇူးတင်ကြောင်း Clinton က ပြောပါတယ်။

ကာလီဖိုးနီးယားပြည်နယ်မှာ တနင်္လာနဲ့ အင်္ဂါနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မဲဆွယ် စည်းရုံးရေးလုပ်ငန်းတွေကိုClinton က ဖျက်သိမ်းခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပတဲ့ ၁၅ နှစ်မြောက် 9/11 နှစ်ပတ်လည် အခမ်းအနားကို တက်နေရာက နေထိုင်မကောင်းဖြစ်ပြီး ရုတ်တရက် ထပြန်တာမှာ မူးလဲတော့မလို ဖြစ်သွားတဲ့အတွက် သူမရဲ့ လက်ထောက်တွေက ကားပေါ်ကို ကူတင်ပေးလိုက်ရပါတယ်။

Clinton အနေနဲ့ အပူလွန်တဲ့အတွက် ရေဓါတ် ခမ်းခြောက်တဲ့ဒဏ်ကို ခံစားခံရကြောင်း သူမရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က အရာရှိတွေက ပြောပါတယ်။ Clinton အနေနဲ့ ချောင်းဆိုးနေတာ ကြာပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ သောကြာနေ့က ဆေးစစ်ရာမှာ နမိုးနီးယားဖြစ်နေကြောင်း တွေရှိခဲ့တဲ့အတွက် ပဋိဇီဝဆေးကို သောက်နေရကြောင်း သူမရဲ့ မိသားစု ဆရာဝန်က ပြောပါတယ်။

Clinton ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG