please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်
အရှေ့အလယ်ပိုင်းနဲ့ အာရပ်ဘ်ကမ္ဘာက အခြေအနေတွေဟာ တနင်္လာနေ့က အစ္စရေးလ်တာဝန်ရှိသူတွေ နဲ့ ဂျေရု စလင်မ် မြို့တော်မှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း အဓိကအကြောင်းအရာတွေ ဖြစ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

အစ္စရေးလ်သမ္မတ ရှီမွန် ပဲရက်စ်၊ ဝန်ကြီးချုပ် ဘန်ဂျမင်န် နေတန်ယာဟု၊ နိုင်ငံခြားရေးဝန်ကြီး Avigdor Lieberman အပါအဝင် တခြားထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဝန်ကြီးကလင်တန်က သတင်းထောက်တွေကို ပြောခဲ့တာပါ။ တနင်္လာနေ့အစောပိုင်းတုန်းကတော့ မစ္စစ်ကလင်တန်ဟာ ပါလက်စတိုင်း ဝန်ကြီးချုပ် Salam Fayyad နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
စေ့စပ် ဆွေးနွေး ညှိနှိုင်းတဲ့နည်းလမ်းကသာ အစ္စရေးလ်-ပါလက်စတိုင်း နှစ်ဘက်အကြား ငြိမ်းချမ်းရေးရစေမယ့် တခုတည်း သောနည်းလမ်းဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီ ချက်တခုရလာဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်သွားမယ်လို့လည်း သူကပြောပါတယ်။