သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဟောင်းကလင်တန်ကို သမ္မတထက် လူကြိုက်များ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် (ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် (ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ဟာ လက်ရှိသမ္မတ ဘရက်အိုဘားမား ထက် ပိုပြီးတော့ လူကြိုက်များတဲ့ အကြောင်း နိုင်ငံနဲ့တဝှမ်း ကောက်ယူတဲ့စစ်တမ်းတွေအရ သိရပါတယ်။ Quinnipiac တက္ကသိုလ်က ကောက်ယူခဲ့တဲ့ စစ်တမ်းကို သောကြာနေ့က ကြေညာရာမှာ မစ္စ်ကလင်တန်ကို ထောက်ခံသူ ၆၁ ရာခိုင်နှုန်း ရှိပြီးတော့ သမ္မတ အိုဘားမားကို ကြိုက်သူ လူဦးရေက ၅၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

မစ္စ်ကလင်တန်ဟာ သမ္မတကတော်၊ အထက်လွှတ်တော်အမတ်၊ ထိပ်တန်း သံတမန်တဦး အဖြစ် တာဝန်ယူခဲ့ပြီးတော့ ပြီးခဲ့တဲ့သီတင်းပတ် အတွင်းမှာမှ နိုင်ငံခြားရေးဝန်ကြီး အဖြစ်ကနေ အနားယူခဲ့တာပါ။ မစ္စ် ကလင်တန်ဟာ အခုချိန်မှာ အမေရိကန် နိုင်ငံရေးလောကရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား တဦး ဖြစ်ပါတယ်လို့ Quinnipiac တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးက ပြောပါတယ်။

မစ္စ် ဟီလာရီကလင်တန် ကတော့ သူမအနေနဲ့ နောက်တကြိမ် သမ္မတအဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားမှုရှိကြောင်း ခုချိန်ထိ ပြသခြင်း မရှိသေးပါဘူး။
XS
SM
MD
LG