သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး ကလင်တန် ရုံးပြန်တက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်။
ဦးခေါင်းမှာ သွေးခဲနေတာကို တွေ့ခဲ့ရတဲ့အတွက် ဆေးရုံမှာ သုံးရက်ကြာ တက်ရောက် ကုသမှုခံယူခဲ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ နေပြန်ကောင်းလာပြီဖြစ်တာကြောင့် တနင်္လာနေ့မှာ လုပ်ငန်းခွင် ပြန်ဝင်တော့မှာ ဖြစ်ပါတယ်။

ဝမ်းပိုက်နဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်ပိုးဒဏ် ခံခဲ့ရတာနဲ့ အိမ်မှာရှိနေချိန် ဦးခေါင်းမှာ ထိခိုက်မိပြီး မေ့မျောခဲ့တာတွေ အပါအဝင် ကျန်းမာရေး ဆိုင်ရာ စိုးရိမ်ဖွယ်ကိစ္စတွေ တလကြာ ကြုံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်မှာ သူ ဆေးရုံကနေ ပြန်ဆင်းခဲ့ပါတယ်။

တနင်္လာနေ့မှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တံခါးပိတ် အစည်းအဝေးတွေ ကျင်းပမှာဖြစ်ပြီး အများပြည်သူရှေ့ ထွက်ရမယ့် လုပ်ငန်းကိစ္စမျိုးတွေ မရှိဘူးလို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီသီတင်းပတ်နှောင်းပိုင်း အစီအစဉ်တွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုဆီ ရောက်လာမယ့် အာဖဂန်သမ္မတ ဟာမစ်ဒ် ကာဇိုင်းနဲ့ ကြာသပတေးနေ့ကျရင် တွေ့ဆုံဖို့ရှိပါတယ်။

ရုံးမတက်နိုင်ခဲ့တဲ့အချိန်တွေမှာ ဝန်ကြီး ကလင်တန်ဟာ နိုင်ငံခြားရေးဌာနဝန်ထမ်းတွေ၊ တချို့ ပြည်ပ တာဝန်ရှိသူတွေနဲ့ တယ်လီဖုန်းကနေတဆင့် စကားပြောခဲ့တာတွေရှိပါတယ်။
လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် ကွန်ဂရက်လွှတ်တော် ကြားနာပွဲတခု လုပ်ဖို့ရှိခဲ့တာကို သူ နေမကောင်းဖြစ်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
XS
SM
MD
LG