သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန် ရာထူးနောက်ဆုံးနေ့


ဝန်ကြီးကလင်တန်နဲ့ ဝန်ကြီးအသစ်ဖြစ်လာမယ့် ဂျွန်ကယ်ရီတို့ကို ကွန်ကရက်လွှတ်တော်တွင် တွေ့ရစဉ်က။
ဒီနေ့သောကြာနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြိး Clinton ရာထူးက အနားယူပြီး ။ သူ့နေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်မယ့် အထက်လွှတ်တော်အမတ် John Kerry က မကြာခင် ကျမ်းသစ္စာဆိုမှာ ဖြစ်ပါတယ်။ ရာထူးကအနားမယူခင် ဒိနေ့ နေလည်ခင်းပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေကို Ms. Hillary Clinton ကနုတ်ဆက် စကားပြောမှာဖြစ်ပါတယ်။ သူ့နေရာကို ဆက်ခံမယ့် John Kerry ဟာ သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒုတိယသက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ဖို့ သီးသန့် အခမ်းအနားနဲ့ ကျမ်းသစ္စာဆိုပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ John Kerry ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးအတည် ပြု ကြားနာပွဲမှာ ၀န်ကြီး Clinton တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မဆုတ်မနစ် ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ မြင့်မားတဲ စံနမူနာတွေကို သူယုံကြည်လေးစားပါကြောင်း။ အခမ်းအနား တက်ရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို Massachusetts ပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း ကအသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။

Ms. Clinton ကတော့ ရာထူးကအနားယူပြီးတဲ့နောက် ဖြတ်သန်းရမယ့် သူမဘ၀ရဲ့ အခန်းကဏ္ဏသစ်အတွက် မျော်လင့်နေတယ်လို့ပြောဆိုပါတယ်။ နောက်ဆုံး သမ္မတအိုဘားမား အနိုင်ရသွားခဲ့တဲ့ ၂၀၀၈ ခှုစ်က သမ္မတရွေးပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သလိုမျိုး၊ လာမယ့်၂၀၁၆ ခုနှစ် သမ္မတရွေးပွဲမှာ Ms. Clinton ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ ကောလဟလတွေထွက်ပေါ်ခဲ့ပေမယ့် Ms. Clinton ကတော ဒီသတင်းကို အတည်မပြု ပြောဆိုတာမျိုး မလုပ်ပါဘူး။ Ms. Clinton အနားယူပြီးတဲ့နောက် အထက်လွှတ်တော်အမတ် John Kerry က အမေရိကန်နိုင်ငံရဲ့ ၆၈ ယောက်မြောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ဆက်ပြီး ထမ်းဆောင်မှာဖြစ်ပါတယ်။
XS
SM
MD
LG