သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယသမ္မတလောင်းအဖြစ် Tim Kaine ကို Clinton ရွေးချယ်


ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာတော့မယ့် ဟီလာရီ ကလင်တန်က သူနဲ့တွဲပြီး ရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတ လောင်းအဖြစ် ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Tim Kaine ကို ရွေးလိုက်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Tim Kaine က ပျင်းစရာကောင်းသူ တဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်ပြောဆိုပေမဲ့ မစ္စစ်ကလင်တန်ကတော့ သူ့အတွက် အဲဒါက ပြဿနာမရှိဘူးလို့ဆိုပါတယ်။ သူဟာ အလယ်အလတ်သဘောထားရှိသူ တဦး ဖြစ်တာကြောင့်လည်း Donald Trump ကိုမကြိုက်တဲ့ မဲဆန္ဒရှင်တွေ၊ မစ္စစ် ကလင်တန်ကို မဲပေးဖို့ အခက်တွေ့နေတဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်မယ့် အလား အလာ ရှိပါတယ်။

သူဟာ ဘယ်ရွေးကောက်ပွဲကိုမှ မရှုံးဘူးတဲ့အကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှူး၊ အထက်လွှတ်တော်အမတ်ဖြစ်ပြီး သူသိဖူးသမျှ အထက်လွှတ်တော်အမတ်တွေထဲမှာ လေးစားစရာအကောင်းဆုံးသူတဦး ဖြစ်တဲ့အကြောင်း မစ္စစ် ကလင်တန်က CBS သတင်းဌာနကို ပြောပါတယ်။

ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်း Kaine က Twitter မှာရေးပါတယ်။ အသက် ၅၈ နှစ် အရွယ် Kaine ဟာ မင်နီဆိုးတား ပြည် နယ်မှာ မွေးဖွားသူဖြစ်ပြီး ဟားဗတ်ဒ်တက္ကသိုလ်ကနေ ရှေ့နေဘွဲ့ရထားသူပါ။ သမ္မတ ဘရာ့ခ် အိုဘားမားဟာလည်း ဟားဗတ်ဒ်တက္ကသိုလ်ထွက် တဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Kaine က ဟားဗတ်ဒ်ကနေ တနှစ်နားပြီး ကက်သလစ် ခရစ်ယာန်သာသနာပြုနဲ့ ဆရာတဦးအဖြစ် ဟွန်ဒူးရပ်စ်နိုင်ငံမှာ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG