သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာနဲ့အနီးဆုံး တွင်းနက်ကြီးတခုတွေ့ရှိ


ကမ္ဘာနဲ့အနီးဆုံးဖြစ်ပြီး နေထက်လည်းကြီးတဲ့ Black hole စကြဝဠာတွင်းနက်ကြီးတခုကို အာကာသပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။

အခုနောက်ဆုံးတွေ့တဲ့ ဘာတွေရှိမှန်း မသိနိုင်တဲ့ Black hole ကြီးဟာ အရင်အနီးဆုံးအဖြစ် တွေ့ခဲ့တာထက် ၃ ဆ ကမ္ဘာနဲ့ ပိုနီးပြီး၊ နေထက် ၁၀ ဆတောင် ကြီးနေတယ်လို့ သိပ္ပံပညာရှင်တွေက နိုဝင်ဘာ ၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

ကမ္ဘာကနေ အလင်းနှစ် ၁၆၀၀ ပဲကွာဝေးတဲ့ Black hole တွင်းနက်ကြီးကို လည်ပတ်နေတဲ့ အရံကြယ်ရဲ့ လှုပ်ရှားမှုကို လေ့လာနေရာက၊ အခုလို တွေ့လိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတွင်းနက်ကြီး ဘေးကနေ လည်ပတ်နေတဲ့ကြယ်ဟာ နေကို ကမ္ဘာကနေ ပတ်နေတဲ့ အကွာအဝေး အတူတူလောက်ကနေ လည်ပတ်နေတာကို စိတ်ဝင်စားစရာ တွေ့ခဲ့ကြောင်းလည်း ဒီထုတ်ပြန်ချက်ထဲ ရှင်းပြထားပါတယ်။

အခုနောက်ဆုံး တွင်းနက်ကြီးကို ဥရောပအာကာသ အေဂျင်စီရဲ့ Gaia အာကာသယာဉ်ပေါ်ကနေ ပထမဆုံး စတွေ့လိုက်တာလို့ အာကာသရူပဗေဒဆိုင်ရာ ဟားဗတ်-စမစ်ဆိုနီယမ်ဌာနက အာကာသပညာရှင် Kareem El-Badry က ပြောပါတယ်။

အာကာသပညာရှင် El-Badry နဲ့ သူ့အဖွဲ့က သူတို့ရဲ့ တွေ့ရှိမှုကို အသေအချာ အတည်ပြုနိုင်အောင် ဟာဝိုင်ရီပြည်နယ်ရှိ နိုင်ငံတကာ အာကာသလေ့လာရေးဌာနက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး Gemini မှန်ပြောင်းကြီးတွေနဲ့ ဆက်လက်လေ့လာခဲ့ပြီးနောက်မှ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တော်ဝင် အာကာသဗေဒ ပညာရှင်များအဖွဲ့ Royal Astronomical Society လစဉ် စာစောင်မှာ ပါလာတဲ့ တွေ့ရှိမှုအကြောင်း ဖော်ပြချက်မှာ အခု တွင်းနက်စနစ်ကို ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားတာ သိပ္ပံပညာရှင်တွေ အသေအချာ မသိသေးပေမဲ့၊ Gaia BH 1 လို့တော့ နာမည်ပေးလိုက်ပြီး တည်နေရာကိုလည်း သတ်မှတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

==== Unicode ====







XS
SM
MD
LG