သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
CNN သတင်းထောက်ကို အိမ်ဖြူတော် သတင်းယူခွင့် ရုပ်သိမ်း
နောက်ဆုံးရသတင်း

CNN သတင်းထောက်ကို အိမ်ဖြူတော် သတင်းယူခွင့် ရုပ်သိမ်း


အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက်တယောက်ကို အိမ်ဖြူတော်ထဲဝင် သတင်းယူခွင့်တားမြစ်လိုက်တာနဲ့ပတ်သက်လို့ အိမ်ဖြူတော်ပြောခွင့်ရက ကြာသပတေးနေ့မှာ ကာကွယ်တုံ့ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာကျင်းပတဲ့သတင်းစာရှင်းပွဲအတွင်း သမ္မတ Donald Trump နဲ့အခြေအတင်ဖြစ်တဲ့ CNN သတင်းထောက် Jim Acosta ဆီက မိုက်ကရိုဖုန်းလုယူဖို့ကြိုးစားတဲ့ အလုပ်သင်ဝန်ထမ်းအမျိုးသမီးကို သတင်းထောက်က မသင့်တော်တဲ့လုပ်ရပ် လုပ်ခဲ့တယ်လို့ဆိုပြီး အဲဒီသတင်းထောက်ရဲ့ အိမ်ဖြူတော်ဝင်ခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။

Mexico နိုင်ငံဖြတ်ပြီး အမေရိကန်ထဲဝင်ရောက်နိုင်ဖို့ အမေရိကတိုက်အလယ်ပိုင်းက ရွှေ့ပြောင်းအခြေချသူတွေ လမ်းလျှောက်လာနေကြတာ နိုင်ငံထဲကျူးကျော်မှုလားလို့ CNN သတင်းထောက် ကသမ္မတ Trump ကိုမေးခွန်းထုတ်ရာက သတင်းထောက်နဲ့ သမ္မတကြား အခြေအတင်ဖြစ်ခဲ့တာပါ။

သတင်းထောက် Acosta ကိုရိုင်းစိုင်းသူ၊ ပြည်သူ့ရန်သူ စသဖြင့် သမ္မတကပြောခဲ့ပါတယ်။ အဲဒီလိုဖြစ်နေစဉ်အတွင်း မိုက်ကရိုဖုန်းကိုလုယူဖို့ကြိုးစားတဲ့ အလုပ်သင်ဝန်ထမ်းကို Acosta လက်နဲ့ ထိခဲ့တာ မသင့်တော်ဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders ကသတင်းယူခွင့်ရုတ်သိမ်းခဲ့တာပါ။ ဒီအချက်ကိုပံ့ပိုးနိုင်ဖို့ Video ကိုလည်း Sanders က Twitter ပေါ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ Video ထဲမှာ သတင်းထောက်က အဲဒီအမျိုးသမီးကို ရိုက်လိုက်တဲ့ပုံစံဖြစ်အောင် လုပ်ထားတယ်လို့ လေ့လာသူတွေနဲ့ သတင်းထောက်တွေက ထောက်ပြကြပါတယ်။ သတင်းထောက် Acosta ကလည်း အိမ်ဖြူတော်ဖက်က ညာတယ်လို့ တုံ့ပြန်ပါတယ်။ ဒါပေမဲ့ ပြောခွင့်ရ Sarah Sanders ကတော့ အလုပ်သင်ဝန်ထမ်းအမျီုးသမီးကို သတင်းထောက်လက်နဲ့ထိခဲ့တာ Video ထဲမှာ ရှင်းရှင်းမြင်ရတယ်ဆိုပြီး သတင်းယူခွင့်တားမြစ်တဲ့အပေါ် ခုခံပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG