သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု


Amphibious assault vehicles fire smoke screen during a military exercise, Cobra Gold, on Hat Yao beach in Chonburi province, Thailand Friday, Feb. 14, 2014. About 8,000 military personnel from U.S., Thailand, Indonesia, Japan, Singapore, South Korea, and
Amphibious assault vehicles fire smoke screen during a military exercise, Cobra Gold, on Hat Yao beach in Chonburi province, Thailand Friday, Feb. 14, 2014. About 8,000 military personnel from U.S., Thailand, Indonesia, Japan, Singapore, South Korea, and
တောထဲက အဆိပ်ပြင်းတဲ့အကောင်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ အမေရိကန်မရိန်းတပ်သားတွေဟာ ထိုင်းစစ်သားတွေဆီကနေ သင်ယူခဲ့သလို ကင်းမြီးကောက်တွေကိုလည်း စားကြည့်ခဲ့ကြပါတယ်။ ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ချန်တာဘူရီ ပြည်နယ်မှာ လက်တွေ့ သင်တန်း လေ့ကျင့်ခန်းတစ်ခုအတွင်း အဲဒီလို သင်ယူခဲ့ကြတာပါ။

လေ့ကျင့်ခန်းမှာ မရိန်းတပ်ဖွဲ့ဝင် ၅၀ လောက် ပါဝင်နေကြပြီး သူတို့ရဲ့ဆရာတွေဖြစ်တဲ့ ထိုင်းစစ်သား ၁၀ ဦးပါ အစုအဖွဲ့တစ်ခုဆီကနေ တောထဲမှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို သင်ယူခဲ့ကြတာပါ။ အဲဒီထဲမှာ မီးရအောင် လုပ်တဲ့ နည်းလမ်း၊ စားလို့ရတဲ့အသီးတွေကို သိအောင်လုပ်တဲ့ နည်းလမ်းနဲ့ တခြား အစားအစာတွေကို ရှာဖွေနည်းတွေ ပါဝင်ပါတယ်။

ဒီလေ့ကျင့်ခန်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံတို့ နှစ်စဉ်ပူးတွဲလုပ်တဲ့ ၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တွေကိုဖမ်းပြီး အဆိပ်ရှိတဲ့ အပိုင်းတွေကို ဖယ်ပစ်ပြီးတော့ စားလို့ရအောင်လုပ်တဲ့ နည်းလမ်းတွေကို ထိုင်းဆရာတွေက အမေရိကန် စစ်သားတွေကို ပြသခဲ့ပါတယ်။

ဒါ့အပြင် အဆိပ်ပြင်းတဲ့ မြွေဟောက်တွေကို ဘယ်လို ဖမ်းယူနိုင်တယ်ဆိုတာကိုလည်း အမေရိကန်စစ်သားတွေ သင်ယူခဲ့ကြပါတယ်။ အဲဒီမြွေဟောက်ရဲ့အသားကို စားလို့ရပြီး သွေးကို သောက်လို့ရပါတယ်။ အမေရိကန် မရိန်းတပ်သားတွေဟာ ပိုးမွှားတွေ၊ ကင်းမြီးကောက်တွေကို စားခဲ့ကြပြီး မြွေဟောက်သွေးကို သောက်ခဲ့ကြတဲ့ ဒီ ကွင်းဆင်းလေ့ကျင့်ခန်းဟာ သုံးရက်ကြာမြင့်မှာဖြစ်ပါတယ်။
XS
SM
MD
LG