သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမ်ိဳးတုံုး သတ္ျဖတ္မႈဦးေဆာင္တဲ့ ရဝမ္ဒါစစ္ေခါင္းေဆာင္ကြယ္လြန္


Col Bagosora Theoneste

Zawgyi/Unicode

လူမ်ိဳးတုံးသတ္ျဖတ္မႈကို ဦးေဆာင္ခဲ့သူအျဖစ္သိၾကတဲ့ ယခင္ ရဝမ္ဒါစစ္တပ္ ဗိုလ္မႉးႀကီး Theoneste Bagosora ဟာ စေနေန႔က မာလီ ေဆး႐ုံတ႐ုံမွာ ကြယ္လြန္ သြားပါတယ္။ Tutsi နဲ႔ Hutus မ်ိဳးႏြယ္စု ၈ သိန္း ေက်ာ္ အသတ္ခံခဲ့ၾကရပါတယ္။အသက္ ၈၀ အ႐ြယ္ Bagosora ဟာ လူသားထုတရပ္လုံးအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈအရ ေထာင္ဒဏ္ ၃၅ ႏွစ္ က်ခံေနရပါတယ္။ ရဝမ္ဒါဆိုင္ရာ ႏိုင္ငံတကာ ရာဇဝတ္မႈ ခုံ႐ုံးက ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။

ရဝမ္ဒါသမၼတ Juvenal Habyarimana ရဲ႕ပါတီထဲမွာ Bagosora ကို သေဘာထား တင္းမာသူအျဖစ္ သိထားၾကၿပီး ၁၉၉၃ ခုႏွစ္မွာ စစ္တပ္ကို တာဝန္ယူခဲ့ပါတယ္။၁၉၉၄ သမၼတ Habyarimana ရဲ႕ ေလယာဥ္ ပစ္ခ်ခံခဲ့ရၿပီးတဲ့ေနာက္ Tutsi မ်ိဳးႏြယ္ စုကို အစုလိုက္အၿပဳံလိုက္သတ္ဖို႔ သူက အမိန႔္ေပးခဲ့တာပါ။ လူမ်ိဳးတုံးသတ္ျဖတ္ၿပီးတဲ့ေနာက္ ကင္မ႐ြန္းႏိုင္ငံကို သူ ထြက္ေျပးခဲ့ပါတယ္။ ၁၉၉၆ ခုႏွစ္ ကင္မ႐ြန္းမွာပဲ သူ အဖမ္းခံခဲ့ရၿပီး ၁၉၉၇ ခုႏွစ္ တန္ေဇးနီးယားမွာ အမႈရင္ဆိုင္ရပါတယ္။ သူ႔အမႈ က ၂၀၀၂ ကေန ၂၀၀၇ အထိ ၾကာခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္မွာ ျပစ္ဒဏ္တသက္တကြၽန္း ခ်ခံရပါတယ္။ အယူခံမွာ ျပစ္ဒဏ္ကို ၃၅ ႏွစ္ ေလွ်ာ့ခ်ေပးခဲ့တာ ျဖစ္ပါတယ္။

--------

Unicode

လူမျိုးတုန်းသတ်ဖြတ်မှုဦးဆောင်တဲ့ ရဝမ်ဒါစစ်ခေါင်းဆောင်ကွယ်လွန်

လူမျိုးတုံးသတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူအဖြစ်သိကြတဲ့ ယခင် ရဝမ်ဒါစစ်တပ် ဗိုလ်မှူးကြီး Theoneste Bagosora ဟာ စနေနေ့က မာလီ ဆေးရုံတရုံမှာ ကွယ်လွန် သွားပါတယ်။ Tutsi နဲ့ Hutus မျိုးနွယ်စု ၈ သိန်း ကျော် အသတ်ခံခဲ့ကြရပါတယ်။အသက် ၈၀ အရွယ် Bagosora ဟာ လူသားထုတရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအရ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရပါတယ်။ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ရဝမ်ဒါသမ္မတ Juvenal Habyarimana ရဲ့ပါတီထဲမှာ Bagosora ကို သဘောထား တင်းမာသူအဖြစ် သိထားကြပြီး ၁၉၉၃ ခုနှစ်မှာ စစ်တပ်ကို တာဝန်ယူခဲ့ပါတယ်။၁၉၉၄ သမ္မတ Habyarimana ရဲ့ လေယာဉ် ပစ်ချခံခဲ့ရပြီးတဲ့နောက် Tutsi မျိုးနွယ် စုကို အစုလိုက်အပြုံလိုက်သတ်ဖို့ သူက အမိန့်ပေးခဲ့တာပါ။ လူမျိုးတုံးသတ်ဖြတ်ပြီးတဲ့နောက် ကင်မရွန်းနိုင်ငံကို သူ ထွက်ပြေးခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် ကင်မရွန်းမှာပဲ သူ အဖမ်းခံခဲ့ရပြီး ၁၉၉၇ ခုနှစ် တန်ဇေးနီးယားမှာ အမှုရင်ဆိုင်ရပါတယ်။ သူ့အမှု က ၂၀၀၂ ကနေ ၂၀၀၇ အထိ ကြာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြစ်ဒဏ်တသက်တကျွန်း ချခံရပါတယ်။ အယူခံမှာ ပြစ်ဒဏ်ကို ၃၅ နှစ် လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

#Rawanda #RawandaGenocide #TheonesteBagosora #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG