{{Zawgyi/Unicode}}
အေမရိကန္ျပည္ေထာင္စုက ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္တဲ့ ပထမဆံုးလူမည္းအမ်ဳိးသား၊ စစ္ဘက္ဆိုင္ရာ ထိပ္တန္းအရာရွိေဟာင္း Colin Powell အသက္ ၈၄ ႏွစ္အရြယ္မွာ ဒီကေန႔ ေအာက္တိုဘာလ ၁၈ ရက္ေန႔ကပဲ ကြယ္လြန္သြားပါတယ္။
ကိုဗစ္ ၁၉ ေရာဂါရဲ႕ ေနာက္ဆက္တြဲ က်န္းမာေရးအေျခအေနေၾကာင့္ ကြယ္လြန္တာျဖစ္တယ္၊ သူက ကာကြယ္ေဆး အျပည့္အဝ ထိုးထားၿပီးသူ ျဖစ္တယ္လို႔ ေဖ့ဘုတ္လူမႈကြန္ယက္စာမ်က္ႏွာမွာ သူ႔မိသားစုက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ သိပ္ခ်ီးက်ဴးစရာေကာင္းတဲ့ ခ်စ္ခင္ပြန္းျဖစ္သူ၊ ဖခင္ျဖစ္သူ၊ အဖိုးျဖစ္ သူ၊ ေလးစားစရာ အေမရိကန္ႏိုင္ငံသားတဦးကို ဆံုးရႈံးလိုက္ရတာ ျဖစ္တယ္လို႔ မိသားစု ေၾကညာခ်က္မွာ ေျပာထားပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ Mr. Powell ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အထင္ရွားဆံုး လူမည္းေခါင္းေဆာင္တဦး ျဖစ္ပါတယ္။ ရီပတ္ဘလစ္ကန္သမၼတ ၃ ဦးက အဆင့္ျမင့္ရာထူးေတြ တာဝန္ေပးအပ္ခံရ သူလည္းျဖစ္ၿပီး ဗီယက္နမ္စစ္ပြဲမွာ စစ္ဒဏ္ခံခဲ့ရၿပီးေနာက္ အေမရိကန္စစ္တပ္မွာ ရာထူးအျမင့္ဆံုးရခဲ့ပါတယ္။ ဗီယက္နမ္စစ္ပြဲမွာ ဒဏ္ရာရခဲ့တဲ့ Mr. Powell ဟာ ၁၉၈၇ ခုႏွစ္ကေန ၁၉၈၉ ခုႏွစ္အထိ သမၼတ Ronald Reagan လက္ထက္မွာ အမ်ဳိးသားလံုၿခဳံေရး အႀကံေပးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တာပါ။
၁၉၉၁ ပင္လယ္ေကြ႔စစ္ပြဲကာလ အေမရိကန္သမၼတ George H. W. Bush လက္ထက္မွာ ၾကယ္ ၄ ပြင့္တပ္ ဗိုလ္ခ်ဳပ္ႀကီး Colin Powell က စစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။သေဘာထားအလယ္အလတ္ရွိသူ republican ပါတီကို ေထာက္ခံသူ၊ လက္ေတြ႔က်တဲ့ Mr. Powell ကို ၁၉၉၆ ခုႏွစ္က သမၼတေနရာဝင္ျပဳိင္ဖို႔ ေျပာဆိုမႈေတြရွိေပမဲ့ ဇနီးျဖစ္သူရဲ႕ကန္႔ကြက္မႈေၾကာင့္ သူဝင္ေရာက္ မယွဥ္ျပဳိင္ျဖစ္ပါဘူး။
၂၀၀၈ ခုႏွစ္မွာေတာ့ သူ ရီပတ္ဘလစ္ကန္ပါတီနဲ႔ သေဘာထားကြဲၿပီး အဲဒီတုန္းက သမၼတေလာင္း Barack Obama ဒီမိုကရက္သမၼတ ျဖစ္ဖို႔ တရားဝင္ ေထာက္ခံခဲ့ပါတယ္။ Mr. Powell ဟာ သမၼတ George W. Bush လက္ထက္ ၂၀၀၃ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ကုလသမဂၢ လံုၿခဳံေရးေကာင္စီမွာ အီရတ္ကိစၥတင္ျပမႈနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ႀကီးႀကီးမားမား ျဖစ္ခဲ့ပါတယ္။ အီရတ္သမၼတSaddam Hussein ဟာ ကမ႓ာအတြက္ အႏၲရာယ္အႀကီးဆံုး ဓာတုနဲ႔ ဇီဝလက္နက္ေတြ စုေဆာင္းေနတယ္ဆိုၿပီး တင္ျပခဲ့တာျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕တင္ျပမႈထဲမွာ လြဲမွားတဲ့အခ်က္ေတြ၊ ေထာက္လွမ္းေရးသတင္းလြဲေတြ ပါဝင္တယ္ဆိုၿပီး ကုလသမဂၢမွာ သူ႔ရဲ႕တင္ျပမႈဟာ သူ႔သမိုင္းမွာ ထင္က်န္သြားခဲ့တယ္လို႔ ဝန္ခံသြားပါတယ္။
----------
{{Zawgyi/Unicode}}
ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Colin Powell ကွယ်လွန်
အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးလူမည်းအမျိုးသား၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိဟောင်း Colin Powell အသက် ၈၄ နှစ်အရွယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲ ကွယ်လွန်သွားပါတယ်။
ကိုဗစ် ၁၉ ရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်တာဖြစ်တယ်၊ သူက ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူ ဖြစ်တယ်လို့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ သူ့မိသားစုက ကြေညာချက်ထုတ်ပြန်ပါတယ်။ သိပ်ချီးကျူးစရာကောင်းတဲ့ ချစ်ခင်ပွန်းဖြစ်သူ၊ ဖခင်ဖြစ်သူ၊ အဖိုးဖြစ် သူ၊ လေးစားစရာ အမေရိကန်နိုင်ငံသားတဦးကို ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်လို့ မိသားစု ကြေညာချက်မှာ ပြောထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Mr. Powell ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အထင်ရှားဆုံး လူမည်းခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတ ၃ ဦးက အဆင့်မြင့်ရာထူးတွေ တာဝန်ပေးအပ်ခံရ သူလည်းဖြစ်ပြီး ဗီယက်နမ်စစ်ပွဲမှာ စစ်ဒဏ်ခံခဲ့ရပြီးနောက် အမေရိကန်စစ်တပ်မှာ ရာထူးအမြင့်ဆုံးရခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ Mr. Powell ဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ သမ္မတ Ronald Reagan လက်ထက်မှာ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲကာလ အမေရိကန်သမ္မတ George H. W. Bush လက်ထက်မှာ ကြယ် ၄ ပွင့်တပ် ဗိုလ်ချုပ်ကြီး Colin Powell က စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သဘောထားအလယ်အလတ်ရှိသူ republican ပါတီကို ထောက်ခံသူ၊ လက်တွေ့ကျတဲ့ Mr. Powell ကို ၁၉၉၆ ခုနှစ်က သမ္မတနေရာဝင်ပြိုင်ဖို့ ပြောဆိုမှုတွေရှိပေမဲ့ ဇနီးဖြစ်သူရဲ့ကန့်ကွက်မှုကြောင့် သူဝင်ရောက် မယှဉ်ပြိုင်ဖြစ်ပါဘူး။
၂၀၀၈ ခုနှစ်မှာတော့ သူ ရီပတ်ဘလစ်ကန်ပါတီနဲ့ သဘောထားကွဲပြီး အဲဒီတုန်းက သမ္မတလောင်း Barack Obama ဒီမိုကရက်သမ္မတ ဖြစ်ဖို့ တရားဝင် ထောက်ခံခဲ့ပါတယ်။ Mr. Powell ဟာ သမ္မတ George W. Bush လက်ထက် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အီရတ်ကိစ္စတင်ပြမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ အီရတ်သမ္မတSaddam Hussein ဟာ ကမ္ဘာအတွက် အန္တရာယ်အကြီးဆုံး ဓာတုနဲ့ ဇီဝလက်နက်တွေ စုဆောင်းနေတယ်ဆိုပြီး တင်ပြခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သူ့ရဲ့တင်ပြမှုထဲမှာ လွဲမှားတဲ့အချက်တွေ၊ ထောက်လှမ်းရေးသတင်းလွဲတွေ ပါဝင်တယ်ဆိုပြီး ကုလသမဂ္ဂမှာ သူ့ရဲ့တင်ပြမှုဟာ သူ့သမိုင်းမှာ ထင်ကျန်သွားခဲ့တယ်လို့ ဝန်ခံသွားပါတယ်။
#ColinPowell #USPolitics #VOABurmese