သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယားမှာ လက်ဝဲပြောက်ကျားခေါင်းဆောင် သမ္မတသစ်ဖြစ်လာ


Colombian President-elect Gustavo Petro attends a symbolic swearing-in ceremony, in Bogota
Colombian President-elect Gustavo Petro attends a symbolic swearing-in ceremony, in Bogota

ကိုလမ်ဘီယားနိုင်ငံမှာ ပထမဆုံး လက်ဝဲသမ္မတအဖြစ် အထက်လွှတ်တော် အမတ် Gustavo Petro က ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ Gustavo Petro ဟာ အရင် က M-19 ပြောက်ကျားအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ ကွန်ဆာဗေးတစ်ပါတီက သမ္မတလောင်းတွေကို ဇွန်လ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။

၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတဲ့ Gustavo Petro နဲ့ အခြားနိုင်ငံရေးသမားတွေဟာ ကျေးလက်ကိုဆင်း နိုင်ငံရေးလုပ်ခဲ့ကြပြီး၊ ဆင်းရဲမှုပပျောက်ရေး နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဇောင်းပေးလှုပ်ရှားခဲ့ကြပါတယ်။ ကိုလမ်ဘီယာနိုင်ငံ မဲပေးတဲ့ သမိုင်းတလျှောက်မှာတော့ လက်ဝဲသမားတွေကို ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ ပျော့လွန်းတယ်လို့ ယူဆကြတာကြောင့် မဲဆန္ဒရှင်တွေက မဲမပေးခဲ့ကြပါဘူး။

ဒါပေမဲ့ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ပီထရိုက လူမှုစီးပွား မညီမမျှ ဖြစ်နေတာတွေကို ကိုင်တွယ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဆင်းရဲမှု တိုက်ဖျက်ရေး အစီအစဉ်တွေအတွက် ငွေသုံးပြီး၊ ကျေးလက်ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မယ်လို့ ကတိပေးခဲ့တာပါ။ အမေရိကန် ဦးဆောင်တဲ့ မူးယစ်ဆေးဝါးအပင်တွေ မစိုက်ပျိုးရေး မူဝါဒက ကျရှုံးခဲ့တယ်လို့ ဝေဖန်ခဲ့ပေမဲ့၊ အမေရိကန်နဲ့ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရာမှာ ဒါမှမဟုတ် ကျေးလက်ဒေသ အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံရာမှာ ပူးပေါင်း‌ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ပီထရိုဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေနဲ့လည်း မဟာမိတ်ဖွဲ့ခဲ့ပြီး၊ သစ်တောပြုန်းတီးမှု နှေးသွားမယ့် မူဝါဒတွေ ကို ချမှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။ ရေနံတင်ပို့မှုက တိုင်းပြည် ပို့ကုန်အားလုံးရဲ့ ၅၀ ရာနှုန်း ရှိပေမဲ့ ရေနံထုတ်လုပ်ဖို့ လိုင်စင်အသစ်ချမပေးတော့ဘူးလို့ ပြောထားပါတယ်။

ပြုပြင်ပြောင်းလဲရေး အများကြီးကို လုပ်ပြီး၊ ဘာမှအရာမထင်မယ့် အန္တရာယ် ရှိနေတယ်လို့ Bogota’s Rosario တက္ကသိုလ် က Yan Basset က ဝေဖန်ထားပါတယ်။

====Unicode ====






XS
SM
MD
LG