သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာအပစ်ရပ်ရေး သက်တမ်းတိုး


ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထောက်ခံကြောင်း Bogota မှာ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖေါ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထောက်ခံကြောင်း Bogota မှာ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖေါ်။

ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ FARC နဲ့ အခုနှစ်ကုန်ပိုင်းထိ အပစ်အခတ်ရပ်စဲထားဖို့ ကိုလံဘီယာသမ္မတ Juan Manuel Santos ကရက်တိုး သတ်မှတ်လိုက်ပါတယ်။ နှစ်ပေါင်း ၅၀ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ရရှိထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် ကိုလံဘီယာ လူထုဆန္ဒခံယူပွဲ အတွင်း ကန့်ကွက်တဲ့ဘက်က အနိုင်ရရှိပြီးနောက် ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားနိုင်ဖို့ သမ္မတက အခုလို ရက်တိုး သတ်မှတ်လိုက်တာပါ။

ဒီဇင်္ဘာလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲထားဖို့ ဆုံးဖြတ်ထားတာဟာ မဖြစ်မနေ အပြီးသတ်ဖို့၊ တခါ ဒါဟာ တဖက်ကို ရာဇသံပေးလိုက်တာမျီုး မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက် ကို ထောက်ခံကြောင်း Bogota မှာ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖေါ်တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာ အခုလို အပစ်အခတ်ရပ်စဲရေး ရက်တိုးသတ်မှတ်လိုက်တာပါ။

အိုးအိမ်မဲ့ဖြစ်ရသူတွေ သူတို့အိမ်ပြန်နေနိုင်ဖို့နဲ့ အခွင့်အရေးကောင်းတွေ ဖန်တီးဖို့ ဒီစစ်ပွဲတွေကို အပြီးတိုင် အဆုံးသတ်သွားအောင် လုပ်ဆောင်သွားမှာဖြစ်သလို အောင်မြင်လိမ့်မယ်လို့လည်း သမ္မတ Santos က ပြောပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာသူပုန်တွေအပေါ် လိုက်လျော အလျှော့ပေးလွန်းအားကြီးတာကြောင့် ကန့်ကွက်မဲပေးခဲ့သူတွေ နဲ့ တွေ့ဆုံ အကြံဉာဏ်တွေရယူအပြီးမှာ အခုလို ရက်တိုးဖို့ ဆုံးဖြတ်လိုက်တာပါ။

နောက်ထပ် ငြိမ်းချမ်းရေး အစီအစဉ်သစ်တွေနဲ့ ပါတ်သတ်လို့ ဆွေးနွေးဖို့ အသင့်ရှိနေတဲ့ ကျူးဘားနိုင်ငံက FARC အဖွဲ့ ခေါင်းဆောင်တွေဆီ ဒီအဆိုပြုကမ်းလှမ်းချက်တွေ ယူဆောင်သွားမှာဖြစ်ကြောင်း သမ္မတ Santos က ပြောပါတယ်။

ကိုလံဘီယာအပစ်ရပ်ရေး သက်တမ်းတိုး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG