သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Colombia သမ္မတ ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံယူ


ကိုလံဘီယာသမ္မတ Juan Manuel Santos
ကိုလံဘီယာသမ္မတ Juan Manuel Santos

ကိုလံဘီယာသမ္မတ Juan Manuel Santos ဟာ စနေနေ့ က နိုဘဲလ်ငြိမ်းချမ်းရေး ဆုကို လက်ခံရယူရာမှာ - ကိုလံဘီယာ နိုင်ငံ က နှစ်ပေါင်း ၅၀ ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှုတွေ အတွက် ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင် အဖြစ် ဂုဏ်ယူ မိကြောင်း ပြော ကြားခဲ့ပါတယ်။

သဘောတူညီချက်ကြောင့် Alaska ကနေ Patagonia အထိ အမေရိကားတိုက်ဟာ ငြိမ်းချမ်းတဲ့ နယ်မြေတခုအဖြစ် ပြောနိုင်ပြီလို့လည်း နော်ဝေနိုင်ငံ Oslo မြို့တော် ခန်းမမှာ မိန့်ခွန်းပြောကြားစဉ် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သမ္မတ Santos က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်ခဲ့ပြီးနောက် - ကိုလံဘီယာအစိုးရနဲ့ လက်ဝဲဝါဒီ FARC သူပုန်တွေကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် ညှိနှိုင်းကြိုးပမ်းပေးမှုအတွက် သမ္မတ Santos ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ ပြန်ပေးဆွဲမှုတွေကနေ ဝင်ငွေရရှိခဲ့ကြတဲ့ သူပုန်တွေက လက်နက်စွန့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ငြိမ်းချမ်းရေးအထိ တက်လှမ်းစေ ခဲ့ တဲ့ အောင်မြင်မှုရခဲ့တဲ့ သမ္မတ Santos ရဲ့ အခန်းကဏ္ဍကို - နော်ေ၀ နိုဘဲလ်ကော် မတီက အသိအမှတ်ပြု ခဲ့တာပါ။

ဆုလက်ခံရယူတဲ့ မိန့်ခွန်းမှာတော့၊ ဒီနိုဘဲလ်ငြိမ်းချမ်းရေးဆုဟာ ကိုလံဘီယာနိုင်ငံ သားတွေအားလုံး - အထူးသဖြင့် ပြည်တွင်း စစ်အ တွင်း သေဆုံးခဲ့ရတဲ့ လူ ၂ သိန်း ၂ သောင်းကို ပေးအပ်တာဖြစ်တယ်လို့ သမ္မတ Santos က ပြောကြားခဲ့ပြီး၊ သူ့ရဲ့ငြိမ်းချမ်းရေး စွမ်းဆောင်ချက်ကိုလည်း တခြားစစ်မက်ဖြစ်ပွားနေ တဲ့ နိုင်ငံတွေ အနေနဲ့ စံနမူနာယူကြဖို့ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG