သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ မဲပေးကြပြီ


ကိုလံဘီယာ သမ္မတ Juan Manuel Santos သမ္မတရွေးကောက်ပွဲအတွက် မဲပေးနေစဉ်။ (ဂျွန် ၁၅၊ ၂၀၁၄)
ကိုလံဘီယာ သမ္မတ Juan Manuel Santos သမ္မတရွေးကောက်ပွဲအတွက် မဲပေးနေစဉ်။ (ဂျွန် ၁၅၊ ၂၀၁၄)
တနင်္ဂနွေနေ့မှာတော့ ကိုလံဘီယာ ပြည်သူတွေဟာ သမ္မတ ရွေးကောက်ပွဲကို မဲပေးနေကြပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဆိုရင် လက်ဝဲယိမ်း သူပုန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် လူထုဆန္ဒ သဘောထား ကောက်ယူမှု ဖြစ်လာနေပါတယ်။

လက်ရှိ သမ္မတ Juan Manuel Santos ကတော့ ဆယ်စုနှစ် ၅ ခုကြာ ဖြစ်ပွားနေတဲ့ FARC သူပုန် အဖွဲ့နဲ့ စစ်ပွဲတွေ အဆုံးသတ်စေမယ့် သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် Oscar Ivan Zuluaga ကတော့ သူပုန်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု အရှိန်နှေးနေတယ်လို့ စိန်ခေါ်ပြောဆိုနေပြီး သမ္မတ မစ္စတာ Santos ဟာ ချုပ်ငြိမ်းနေပြီ ဖြစ်တဲ့ သူပုန်ထမှုကို ဗန်းပြနေတာလို့လည်း စွပ်စွဲပြောဆိုပါတယ်။ အခု ရွေးကောက်ပွဲဟာ ဆိုရင် စစ်ပွဲကို အဆုံးသတ်ချင်သူတို့နဲ့ စစ်ကို အဆုံးမသတ်ချင်သူများကြားက ရွေးချယ်မှုဆိုပြီး သမ္မတ Santos က ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ သတင်း ၃ပတ် ရွေးကောက်ပွဲ ပထမ အကျော့မှာတော့ မဲဆန္ဒနယ် ၅ ခုမှာ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖြစ်တဲ့ မစ္စတာ Zuluaga က ဆန္ဒမဲ ၂၉ ရာခိုင်နှုန်းနဲ့ အနိုင်ရနေပြီး လက်ရှိ သမ္မတ Santos ကတော့ ဆန္ဒမဲ ရလဒ် ၂၆ ရာခိုင်နှုန်းနဲ့ နောက်က လိုက်နေတာပါ။

ကိုလံဘီယာ ပြည်သူ ၃၂ သန်းတို့က မဲပေးဖို့ အတွက် စာရင်းပေးသွင်းထားပါတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြောင့် ရွေးကောက်ပွဲဆီ အာရုံမရောက် ဖြစ်နေကြပါတယ်။ ကိုလံဘီယာတို့ရဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ပွဲဦးထွက်ကို စနေနေ့က ဂရိနဲ့ကန်တာမှာ ကိုလံဘီယာက အနိုင်ရခဲ့တာမို့ ရွေးကောက်ပွဲဆီကို အာရုံပြန်လည်လာဖို့ကတော့ မသေမချာ ဖြစ်နေပါတယ်ရှင်။
XS
SM
MD
LG